အဓိကရှယ်ယာဝင်ရဲ့ထောက်ခံမှု အာဆင်ဝင်းဂါးရရှိ

878317_w2.jpg
Shares 0

၁၉၉၆ ခုနှစ်ကစတင်ပြီး အာဆင်နယ်အသင်းနဲ့လက်တွဲခဲ့တဲ့ နည်းပြအာဆင်ဝင်းဂါးကို အသင်းရဲ့အဓိက ရှယ်ယာပိုင်ရှင်ဖြစ်တဲ့ အမေရိကန်သား ကိုရန်ကီကထောက်ခံပြောကြားခဲ့ပြီး လာမဲ့နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အာဆင်ဝင်းဂါးအတွက် စာချုပ်သက်တမ်းတိုးချုပ်ဆိုဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။ နည်းပြ အာဆင်ဝင်းဂါးက ကိုရန်ကီးရဲ့ ထောက်ခံမှုကို ရရှိတဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူမိကြောင်းနဲ့ အသင်းတွင်နည်းပြဘ၀ကို အဆုံးသတ်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ နည်းပြအာဆင်ဝင်းဂါးဟာ ပရီးမီးယားလိဒ်ရဲ့ သက်တမ်းအရှည်ဆုံး နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

(IN’D)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *