ပွဲဦးထွက်မှာ အရေးမလှခဲ့လို့ စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ရတဲ့ တော့တင်ဟမ်ယာယီနည်းပြ တင်ရှားဝုဒ်

article-2526024-1a2fa93700000578-409_634x477.jpg
Shares 0

ဗီးလက်စ်ဘိုအာ့စ်နေရာကို အစားထိုးဝင်ရောက်လာခဲ့တဲ့ တော့တင်ဟမ်နည်းပြသစ် တင်ရှားဝုဒ်အတွက် ပထမ ဆုံးမှတ်ကျောက်တင်ခံခဲ့တဲ့ ပွဲမှာတော့ ဘယ်လိုမှကို အထင်ကြီးစရာမရှိခဲ့ပြန်ပါဘူုး။  Capital One ဖလားကွာ တားဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ကွင်းဝှိုက်ဟတ်လိန်းမှာ လန်ဒန်မြို့ခံကလပ်အချင်းချင်းဖြစ်တဲ့ ၀က်စ်ဟမ်းကိုဧည့် ခံကစားခဲ့ရတာဖြစ်ပေမယ့် အိမ်ရှင်အခွင့်အရေး အသုံးမချနိုင်ခဲ့ရုံသာမက ရှုံးပွဲပါတွေ့သွားခဲ့ရပါတယ်။ ဒီပွဲမှာ တော့တင်ဟမ်အတွက် မကစားပေးရတာကြာနေပြီဖြစ်တဲ့ တိုဂိုတိုက်စစ်မှူး အဒီဘေယောဟာ ပွဲချိန်(၆၇)မိနစ် မှာ ဒီဖိုးရဲ့ဖြတ်တင်ဘောကို မြေမကျကန်သွင်းခဲ့ကာ အိမ်ရှင်အတွက် အဖွင့်ဂိုးသွင်းပေးခဲ့ပေမယ့် ပွဲချိန်မိနစ်(၈၀)နဲ့ (၈၅)မိနစ်များမှာ ၀က်စ်ဟမ်းအတွက် ဂျာဗစ်နဲ့ မိုင်ဂါတို့ တစ်ဂိုးစီသွင်းခဲ့တာကြောင့် ၁၉၆၆ခုနှစ်နောက်ပိုင်း ၀က်စ် ဟမ်ဒအသင်းကို အိမ်ကွင်းမှာ (၂)ပွဲဆက်ရှုံးရခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ရပါတယ်။ တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့ ပ ရီးမီးယားလိဂ်ပွဲစဉ်(၇)မှာလည်း ၀ှိုက်ဟတ်လိန်းမှာ ၀က်စ်ဟမ်းကို (၃)ဂိုးပြတ်အရေးနိမ့်ခဲ့ပါသေးတယ်။

“ ဒီပွဲက ကစားသမားတွေအတွက်၊ ကျွန်တော့အတွက်၊ နောက်ပြီးတော့အသင်းအတွက် စိတ်ပျက်စရာရလဒ်ဖြစ် ခဲ့ရပါပြီ။ အသင်းက ခံစစ်ကစားရာမှာ ပိုမိုစုစုစည်းစည်းရှိဖို့ လိုအပ်ပါတယ်။ ပွဲကိုထိန်းချုပ်နိုင်ပြီ ထင်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *