နှစ်သစ်မှာ ပရိသတ်တွေ ပျော်ရွှင်ကြစေဖို့ ဆုတောင်းပေးလိုက်တဲ့ ဖူးပွင့်သခင်

581643_276479809152065_546717656_n.jpg
Shares 0

တက်သစ်စ မင်းသမီးတွေထဲမှာ အပြုံးချိုချိုနဲ့ ချစ်စရာကောင်းတဲ့ ဖူးပွင့်သခင်ဆိုတဲ့ ကောင်မလေးကို အားလုံး သတိထားမိကြမှာပါ။ သူနဲ့ တွေ့ဆုံခိုက် နယူးရီးယားဘယ်မှာရှိမလဲဆိုတာလေးကို မေးကြည့်လိုက်တဲ့အခါ ‘New Year ကတော့ အလုပ်ပဲ လုပ်ဖြစ်မလား။ နားဖြစ်မလား မသိသေးဘူး။ သူငယ်ချင်းတွေနဲ့တိုင်ပင်ရဦးမယ်။ ဖူးပွင့်ကို အားပေးနေတဲ့ ပရိသတ်အားလုံး နှစ်သစ်ကူးမှာ လိုတိုင်းတရပါစေ။ စိတ်ချမ်းသာပါစေ။ စိတ်သစ်လူသစ်နဲ့ဘ၀သစ်ကိုဖြတ်သန်းနိုင်ကြပါစေ။ ၂၀၁၄ ခုနှစ်ဟာအောင်မြင်မှုတွေသယ်ဆောင်လာတဲ့နှစ်တစ်နှစ်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။’ လို့ ဆိုတဲ့အပြင် အရင်နှစ်က အကယ်ဒမီပေးပွဲမှာ ဗန်းကိုင်ခဲ့ရသူမို့ ဒီနှစ်အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး စိတ်ခံစားချက်ကိုလည်း သူမက ‘အရမ်းပျော်ပါတယ်။ မနှစ်ကလဲ အကယ်ဒမီဗန်းကိုင်ခဲ့ရတာ ဆိုတော့လေ။ မနှစ်က ပျော်ခဲ့တဲ့အပျော်လေးတွေ ဒီနှစ်မှာ လာရောက်ကူးစက်တယ်လို့ခံစားမိပြီး ရင်အရမ်းခုန်နေပါတယ်”တဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *