Chrome OS သုံး all-in-one ကွန်ပျူတာကို LG ထုတ်လုပ်

lg-chromebase-chrome-os-all-in-one-desktop-pc-620x551.jpg
Shares 0

 

Chrome OS ကို အခြေခံထားတဲ့ all-in-one ကွန်ပျူတာကို LG က ထုတ်လုပ်လိုက်ပါပြီ။ ဒီကွန်ပျူတာဟာ Chrome OS နဲ့ထွက်တဲ့ ပထမဆုံး all-in-one ကွန်ပျူတာလည်းဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ မှာ စဖြန့်ချိဖို့ အသင့်ဖြစ်နေပါပြီလို့လည်း သိရပါတယ်။

မျက်နှာပြင်အကျယ် ၂၁ ဒဿမ ၅လက်မ ဖြစ်ပြီး IPS Full HD display, Intel Celeron processor, RAM 2GB နဲ့ SSD 16GBတို့ပါဝင်ပါတယ်။

HDMI ပေါက်၊ USB 3.0 တစ်ပေါက် နဲ့ USB 2.0 နှစ်ပေါက်ပါရှိပါတယ်။ နဂိုပါတဲ့ ကီးဘုတ်၊ မောက်စ်၊ 5W စပီကာ နဲ့ 1.3 Mega-Pixel webcam တို့ကလည်း အရည်အသွေးကောင်းတွေပါပဲ။ ၀ယ်ယူနိုင်မယ့်  နေ့ရက်နဲ့ ဈေးနှုန်းကိုတော့ LG က မဖော်ပြသေးပါဘူး။ အနည်းဆုံး ဇန်န၀ါရီလထိတော့ စောင့်ရဦးမှာပါ။

Ref:techradar

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *