Via Skype နဲ့ အလုပ်ဖြစ်သွားတဲ့ Kelly Rowland တို့အတွဲ

kelly-rowland-dirty-laundry.jpg
Shares 0

          Kelly Rowland နဲ့ သူ့ရဲ့ကောင်လေး Tim Witherspoon တို့ဟာ မကြာခင် လက်ထပ်ကြပါ တော့မယ်။ လွန်ခဲ့တဲ့လက Destibny’s Child အကျော်အမော်ဟာ အွန်လိုင်းဗီဒီယိုတစ်ခုထဲမှာ ပရိသတ်တွေကို တလက်လက်တောက်ပနေတဲ့ စိန်လက်စွပ်တစ်ကွင်း ၀တ်ပြပြီး ကောလဟာလ တွေကို အရှိန်ကောင်းစေခဲ့ပါတယ်။

          ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Queen Latifah ကနေပြီး သူမကို အင်တာဗျူးတဲ့အခါမှာ စေ့စပ်သတင်းကို အတည်ပြုပေးခဲ့ပါတယ်။ “သူက လက်စွပ်တကွင်း ၀တ်ပေးခဲ့ပြီလေ”လို့ သူမရဲ့လက်ကို မြှောက်ပြရင်း စိတ်လှုပ်ရှားစွာပြောခဲ့ပါတယ်။ ၃၂နှစ်ရှိပြီဖြစ်တဲ့ သူမဟာ အချစ်ရေးကို သိုသိုသိပ်သိပ် လှုပ်ရှားတတ်သူပါ။ “နည်းနည်းတော့ကြာပြီ။ ကျွန်မတို့ လုံးဝရိုးသားကြဖို့ ဒါကို အတော်လေး အချိန်ယူပြီး ထိန်းသိမ်းခဲ့ကြတယ်”လို့ ဆိုပါတယ်။

          Witherspoon ဟာ သူမရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်ပြီး သူမကို လက်ထပ်ခွင့်တောင်းခဲ့ တာဟာ သမရိုးကျနည်းလမ်းမျိုးနဲ့ မဟုတ်ခဲ့ပါဘူးတဲ့။ “သူက ကျွန်မကို Skype ကနေပြီး တောင်းဆိုခဲ့တယ်။ ကျွန်မလည်း သဘောကျပါတယ်။ ပြီးတော့ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးမှာလေ” လို့ ပြောပါတယ်။ ပြီးတော့ သူမအတွက် အကောင်းဆုံးသူငယ်ချင်း တစ်ယောက်ကို တစ်ဘ၀စာလုံး လက်တွဲဖို့ ရရှိခဲ့ပြီလို့လည်း ပြောပါတယ်။

Ref:starpulse

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *