သီချင်းခွေအတွက် ရက်နောက်ဆုတ်ပေမယ့် ဒီနှစ်ထွက်ဖြစ်အောင် ကြိုးစားနေတယ်လို့ဆိုတဲ့ နေတိုး

ko_linn_studio-k37749_resize.jpg
Shares 0

ပရိသတ်ရဲ့ အချစ်တွေနဲ့အနုပညာလောကမှာ လျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ဦးကတော့ အကယ်ဒမီနေတိုးပါ။ နေတိုးဟာ ပရိသတ်အတွက် သူ့ရဲ့အနုပညာကို ပေးဆပ်နေရင်း တစ်ဖက်ကလဲ ရိန်မိုးနဲ့ နှစ်ယောက်တွဲသီချင်းခွေအတွက်ကြိုးစားအားထုတ်ကာ ဖန်တီးမှုမျိုးစုံကြားမှာ ပျော်မွေ့နေသူပါ။ ဒါ့ကြောင့် အကယ်ဒမီနေတိုးနဲ့တွေ့ဆုံခိုက်မှာ သူ့သီချင်းခွေအကြောင်း မေးကြည့်လိုက်တဲ့အခါ ‘သီချင်းခွေက ၂၄ လို့မှန်းထားပြီးမှ အခု နည်းနည်းလေးနောက်ပြန်ရွေ့တယ်။ ဒီနှစ်တော့ မကုန်ဘူး။ ၂၄ နဲ့ ၃၁ ကြားထဲမှာပဲ။ သီချင်းက ဇာတ်ဝင်တေးတွေလဲပါတယ်။ ကိုယ်ပိုင်သီချင်းတွေလဲပါတယ်။ ရောထားတာပေါ့။ ကျွန်တော်အဆိုတော်တော့မဟုတ်ဘူး။ ဒါပေမဲ့ အနုပညာနဲ့ဆက်နွယ်နေတဲ့ ဘယ်အရာမဆို ၀ါသနာကြီးတဲ့အတွက် ပရိသတ်တွေအတွက် ဖျော်ဖြေမှုတစ်ခုလဲဖြစ်အောင် ဒီအခွေလေးကို အမှတ်တရအနေနဲ့ လုပ်ဖြစ်ခဲ့တာပါ။’လို့ သူက ပြောပါတယ်။

၂၀၁၄ မှာကြားသိရမယ့် မင်္ဂလာသတင်းတွေနဲ့ပတ်သတ်ပြီးတော့လည်း သူက ‘ကျွန်တော်ကိုယ်တိုင်လဲအရမ်းဝမ်းသာပါတယ်။ အနုပညာရှင်တွေကြီးပဲ တစ်နှစ်ထဲမှာ ၄ယောက်ဆိုတော့ ဘယ်တုန်းကမှမဖြစ်ဖူးတဲ့ အဖြစ်အပျက်ဖြစ်ပါပဲ။ ကျွန်တော့်သူငယ်ချင်းတွေအတွက် ကျေနပ်ပျော်ရွှင်နေမိတယ်။ ကျွန်တော့်ရဲ့ မင်္ဂလာသတင်းကတော့ လောလောဆယ်မှာကြားရဖို့မရှိသေးပါဘူး။ ဘယ်တော့လောက်ဆိုတာပြောဖို့အတွက် ခဲယဉ်းပါသေးတယ်။ တချိန်ချိန်ပေါ့နော်’တဲ့။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *