နည်းပြတွေကို အခွင့်အရေးတော့ ပေးစေချင်ပါတယ်လို့ ဆန္ဒပြုလာခဲ့တာ ဘယ်သူ့အတွက်လဲ မိုရက်စ်

a1.jpg
Shares 0

လီဗာပူးလ်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီးတဲ့နောက် အလုပ်ဖြုတ်ခံလိုက်ရတဲ့ တော့တင်ဟမ်နည်းပြ ဗီးလက်စ် ဘိုအာ့စ်ဟာ ၀ှိုက်ဟတ်လိန်းမှာ (၁၇)လကြာ တာဝန်ယူခွင့်ရခဲ့ပြီး လက်ပြနုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ ဒီလိုဘို အာ့စ်ကို အလုပ်ဖြုတ်လိုက်ခြင်းနဲ့ ပတ်သက်ပြီး ရလဒ်မကောင်းတာကြောင့် ဖိအားတွေအောက်ရောက်နေရပေ မယ့် အဖြုတ်မခံရသေးတဲ့ မန်ယူနည်းပြဒေးဗစ်မိုရက်စ်က ယ.နေ့ခေတ်ကလပ်အသင်းများဟာ နည်းပြများကို လုံလောက်တဲံအချိန်အတိုင်းအတာတစ်ခုမပေးဘဲ အရမ်းကိုအလျင်လိုကြတယ်လို့ ဝေဖန်လာခဲ့ပါတယ်။

“ ဒီနေ့ဖြစ်နေတာတွေကို မြင်ရပြီးတဲ့နောက် ကျွန်တော့အနေနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ကလပ်အသင်းတိုင်းမှာ ဘယ် လောက်ထိ ကံကောင်းခဲ့သလည်းဆိုတာ သိလာပြီ။ ပရက်စတန်အသင်းမှာ တကယ့်လူကြီးလူကောင်းတွေနဲ့ဆုံခဲ့ သလိုပဲ အဲဗာတန်မှာလည်း အဆင်ပြေခဲ့ပါတယ်။ အခုမန်ယူမှာ အချိန်သိပ်မကြာသေးပေမယ့်လို့ တကယ့်ကို လူ တော်လူကောင်းတွေချည်းဆိုတာ သိလာရပါတယ်။ တခြားနည်းပြတွေကတော့ ကျွန်တော့လောက်ကံမကောင်းခဲ့ ကြပါဘူး။ အသင်းပိုင်ရှင်နဲ့ ဥက္ကဌတွေဆီမှာ အကြောင်းအရင်းဆိုတာရှိတာမှန်ပါတယ်။ ဒါပေမယ့် နည်းပြတွေကို အချိန်ပိုပေးတဲ့ကလပ်တွေကတော့ ဒီကောင်းကျိုးကို ပြန်ခံစားရတာချည်းပါပဲ”လို့ မန်ယူနည်းပြအဖြစ်ကနေ ထုတ် ပယ်ပစ်ဖို့ ၀ိုင်းဝန်းဖိအားပေးခံနေရတဲ့ မိုရက်စ်က ပြောခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *