နှစ်အတော်ကြာလူမြင်ကွင်းကပျောက်နေခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ကလေးသုံးယောက် သူတို့ အဖေရဲ့ မှတ်တမ်းရုပ်ရှင်ကားမှာ ပါဝင်မည်။

m_id_383201_michael_jackson_kids.jpg
Shares 0

ကွယ်လွန်သူ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင် ချန်ရစ်ခဲ့တဲ့ကလေးသုံးယောက်ဟာ လူမြင်ကွင်းက ပျောက်နေတာကြာခဲ့ပါပြီ။ အခုအသစ်ရိုက်ကူးမယ့် “Remembering Michael” ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားဟာ မိုက်ကယ်ရဲ့ လူနေမှုဘ၀ပုံစံကို သူ့ ကလေးတွေရဲ့ အမြင်ပုံစံမျိုးနဲ့ ရိုက်ကူးမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မိုက်ကယ်ရဲ့ ကလေးသုံးယောက်လုံးကို တွေ့ မြင်ရမှာဖြစ်ပြီး သူတို့ ရဲ့ မိုက်ကယ့် အပေါ်အမြင်ကို ကြားမြင်ရမှာပါ။

“ သူ့ နာမည်က မိုက်ကယ်ဂျက်ဆင် ဆိုတာ သိဖို့ အသက်ခြောက်နှစ်အရွယ်ထိ အချိန်ယူခဲ့ရပါတယ်။ သူ့ ဟာ ကျွန်တော့်အတွက် မိုက်ကယ်မဟုတ်ဘဲ ဒယ်ဒီ ဖြစ်နေခဲ့လို့ ပါ” လို့ မိုက်ကယ်ရဲ့အကြီးဆုံးသား ၁၆ နှစ်အရွယ် Prince က ဒီမှတ်တမ်းကားထဲမှာ ပြောကြားထားပါတယ်။  မိုက်ကယ်ရဲ့ အငယ်ဆုံးကလေး ၁၁ နှစ်အရွယ် Blanket ဟာ လူမြင်ကွင်းသိပ်ထွက်လေ့မရှိခဲ့ပေမယ့် ပထမဆုံးအကြိမ် လူသိထင်ရှား သူ့ ရဲ့ အနာဂတ်ရည်မှန်းချက် တွေအကြောင်းပြောကြားသွားပါတယ်။

မိုက်ကယ်ရဲ့ ၁၅ နှစ်အရွယ်သမီး Paris က မိုက်ကယ်ဟာ သူတို့ ကလေးတွေရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို အရမ်းအရေးထားခဲ့ကြောင်း၊ လူမြင်ကွင်းသွားတဲ့အခါ မျက်နှာဖုံးတွေ၊ခေါင်းစွပ်တွေ ၀တ်ဆင်သွားလာခဲ့ ရတဲ့ သူတို့ ရဲ့ ဘ၀တွေအကြောင်း ဒီဇာတ်ကားမှာ ဖွင့်ဟထားပါတယ်။
“ သူ (မိုက်ကယ်ဂျက်ဆင်) ကျွန်မကို Moonwalk ( မိုက်ကယ်ဂျက်ဆင်ရဲ့နာမည်အကြီးဆုံးအက) သင်ပေးမယ် လို့ ကတိပေးခဲ့တယ်။ ဒါပေမယ့် သူ သင်ပေးခွင့်မရခဲ့ပါဘူး” လို့ Paris က ဒီဇာတ်ကားအတွက် ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကားကို မိုက်ကယ်မိသားစုရဲ့ အိမ်ထောင်မှူး၊ကလေးတွေရဲ့အုပ်ထိန်းသူ ကတ်သရင်းဂျက်ဆင် က စီစဉ်ရိုက်ကူးတာဖြစ်ပြီး ဒီဇာတ်ကားနဲ့ သူမရဲ့ရန်ပုံငွေအဖွဲ့ အစည်းအတွက် ရန်ပုံငွေရှာဖို့ အတွက် ရည်မှန်း ထားကြောင်း ဒီမှတ်တမ်းရုပ်ရှင်ကား “Remembering Michael” ရဲ့ ပရိုဂျူဆာ Kirk Schenck က ရှင်းလင်း ဖြေဆိုခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *