ရိုးမားကို အိမ်ကွင်းမှာသရေကစားနိုင်ခဲ့တာ ကျေနပ်စရာရလဒ်ပါလို့ ပြောတဲ့ မီလန်နည်းပြ

c1.jpg
Shares 0

စီးရီးအေပွဲစဉ်(၁၆)အဖြစ် ဒီနေ့နံနက်အစောပိုင်းက ဆန်စီရိုကွင်းမှာ အိမ်ရှင်အေစီမီလန်နဲ့ ဧည့်သည်ရိုးမားအသင်း တို့ ကစားခဲ့ကြတဲ့အခါ ဧည့်သည်အသင်းက ဦးဆောင်ဂိုးတွေနှစ်ကြိမ်သွင်းတာကို အေစီမီလန်က နောက်ကနေ အ သည်းအသန်လိုက်လံချေပခဲ့ရပြီး သရေတစ်မှတ်ပဲရခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ အေစီမီလန်အသင်းအဆင့် (၁၀)နေရာမှာ ရမှတ်(၁၉)မှတ်နဲ့ ရပ်တည်နေပြီး ရိုးမားကတော့ ထိပ်ဆုံးကဂျူဗင်တပ်စ်အောက် (၅)မှတ်အကွာ မှာ (၃၈)မှတ်နဲ့ရပ်တည်နေပါတယ်။ “ ပွဲပြီးချိန်မှာ ဒါကရလဒ်ကောင်းတစ်ခုဖြစ်ခဲ့တယ်။ပြီးခဲ့တဲ့ ကြာသပတေးနေ့ က အေဂျက်စ်နဲ့ပွဲမှာ ရုပ်ပိုင်းဆိုင်ရာ၊  စိတ်ပိုင်းဆိုင်ရာခွန်အားတွေအားလုံးကို အသုံးပြုခဲ့ရပြီးတဲ့နောက် အရမ်းကို ပင်ပန်းနေခဲ့ကြတာ။ အဲဒီပင်ပန်းမှုတွေကြောင့် ရိုးမားနဲ့ပွဲကို ပေးဆပ်လိုက်ရမလိုဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် ပွဲက ပရိသတ်တွေအတွက် ဖျော်ဖြေပေးနိုင်တဲ့ပွဲတစ်ပွဲဖြစ်သွားခဲ့တယ်။ ဒုတိယပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ကြ ပြီး ရိုးမားရဲ့ ဖိအားပေးမှုကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့ပါတယ်”လို့ အေစီမီလန်နည်းပြ မက်ဆီမီလန်နိုအယ်လီဂ ရီက ပြောခဲ့ပါတယ်။

အေစီမီလန်ဟာ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲပေါင်းစုံ(၁၀)ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ဆက်တိုက်ကစားထားနိုင်တာမှန်ပေ မယ့်လည်း အဲဒီထဲက(၅)ပွဲသရေကျထားခဲ့တဲ့အသင်းဖြစ်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *