HealthCare.gov အစည်းအဝေးလုပ်ဖို့ နည်းပညာခေါင်းဆောင်တွေကို Obama ဖိတ်ခေါ်

110330_google_facebook_apple_microsoft_605_ap.jpg
Shares 0

 

အိုဘားမားရဲ့ HealthCare.gov ၀ဘ်ဆိုဒ်က စသုံးလို့ရပြီမို့လို့၊ ၀ါရှင်တန်ကို နည်းပညာခေါင်းဆောင်တွေလာရောက်ဖို့ အမေရိကန်အစိုးရက ဖိတ်ခေါ်ခဲ့ပါတယ်။

"HealthCare.gov တိုးတက်မှု နဲ့ ဗဟိုအစိုးရ သတင်းအချက်အလက်နှင့်နည်းပညာ ကိုတပ်ဆင်နိုင်တဲ့ နည်းလမ်းများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နည်းပညာကုမ္ပဏီ ဥက္ကဋ္ဌတွေကို  သမ္မတအိုဘားမားရဲ့ စုရုံးမှုနဲ့အတူ ခေါင်းချင်းဆိုင် ဆွေးနွေးဖို့ အိမ်ဖြူတော်က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပုံနှိပ်ထုတ်ပြန်လိုက်ပါတယ်။

Google, Microsoft, Apple, Facebook နဲ့ Twitter တို့အပါအ၀င် Silicon Valley (နည်းပညာမြင့် ကုမ္ပဏီများစုဝေးရာအရပ်) က အရေးပါအရာရောက်သူတွေဟာ အမေရိကန်အစိုးရရဲ့ အစည်းအဝေး အစီအစဉ်မှာ တခြား အကြောင်းကိစ္စကို အသားပေးဆွေးနွေးဖို့ ရှိပုံရတယ်လို့လည်း သိရပါတယ်။ ဗဟိုအစိုးရ စောင့်ကြည့်မှု ကြိုးပမ်းဆောင်ရွက်ချက်နဲ့ အဲ့ဒီ့ကုမ္ပဏီတွေအပေါ် အကျိုးသက်ရောက်မှု အကြောင်းတွေ ဖြစ်ပုံရပါတယ်။

“အခြေခံဥပဒေ ပြန်လည်ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး သမ္မတကို လှုပ်ရှားဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က အစိုးရ ထုတ်ပြန်လိုက်တဲ့ အဲ့ဒီ့ပြန်လည်ဖွဲ့စည်းမှုကို သမ္မတနဲ့ တိုက်ရိုက်ဆွေးနွေးနိုင်ဖို့ အခွင့်အလမ်းကို များစွာသော နည်းပညာ ဥက္ကဋ္ဌတွေက မျှော်လင့်စောင့်စားနေကြတယ်။” လို့ အစည်းအဝေးတက်မယ့် ကုမ္ပဏီတွေထဲက တချို့ရဲ့နောက်ကွယ်ဖော်ပြချက်အရ သိရပါတယ်။

Apple စီအီးအို Tim Cook, Twitter စီအီးအို Dick Costolo, Yahoo စီအီးအို Marissa Mayer, Google အမှုဆောင် ဥက္ကဋ္ဌ Eric Schmidt နဲ့ Microsoft အမှုဆောင် ဒုဥက္ကဋ္ဌ Brad Smith အပါအ၀င် အမှုဆောင် အရာရှိ ၁၅ရောက်နဲ့အတူ အိုဘားမားဟာ နံနက်ပိုင်းမှာ ဆွေးနွေးကြမှာပါ။

အမျိုးသားလုံခြံရေးအေဂျင်စီ (NSA) ရဲ့ များစွာသော ဖုန်းကြားဖြတ်နားထောင်မှုတွေဟာ အခြေခံဥပဒေကို ဆန့်ကျင်နေတယ်လို့ ဗဟိုအစိုးရတရားသူကြီးက အမိန့်ချမှတ်လိုက်တဲ့နေ့ နောက်တစ်နေ့မှာ ဒီအစည်းအဝေးကိစ္စ ပေါ်လာခဲ့တာပါ။ စောင့်ကြည့်အခြေခံဥပဒေ ပြန်လည်ဖွဲ့စည်းမှုနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုကိုကြည့်ပြီး နောက်ထပ် အမိန့်ချမှတ်မှုတွေရှိလာဦးမယ်လို့ အစည်းအဝေးတက်မယ့် ကုမ္ပဏီတစ်ခုရဲ့ ကိုယ်စားလှယ်တစ်ယောက်က ပြောပါတယ်။

Ref:Politico

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *