လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုမျှော်မှန်းချက် နောက်ထပ်သုံးပတ်အတွင်း အဆုံးအဖြတ်ပေးမည်ဟု လူးဝစ်ဆွာရက်ဇ် ပြောကြား

football-premier-league-white-hart-lane-luis-suarez-liverpool-tottenham_3053172.jpg
Shares 0

မနေ့ ညတင်္နလာနေ့ က ဘောလုံးပရိတ်သတ်တွေရွေးချယ်တဲ့ဝီလီယမ်ဟေးလ် ၂၀၁၃ အကောင်းဆုံးကစားသမားဆုကို အမ်းမရိတ်ကွင်းမှာ လက်ခံရရှိခဲ့တဲ့ ဆွာရက်ဇ်ဟာ သူတို့ အသင်းရဲ့ ချန်ပီယံမျှော်မှန်းချက်ဟာ ဇန်န၀ါရီလအတွင်း ပီပြင်လာလိမ့်မယ်လို့ ဆုလက်ခံရရှိအပြီး ပြောကြားသွားပါတယ်။ မနှစ်ကဘောလုံးရာသီကုန်ခါနီးမှာ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့တဲ့အတွက်ကြောင့် ယခုနှစ်ရာသီအစ ခြောက်ပွဲလွဲချော်ခဲ့ရပေမယ့် လီဗာပူးလ်တိုက်စစ်မှူးဟာ အခုအခါ ၁၇ ဂိုးတိတိ သွင်းယူပေးခဲ့ ပါတယ်။

“ချန်ပီယံအဆုံးအဖြတ်ဟာ ဒီနှစ်မှာ စောလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဒီပုံစံအတိုင်းသာ ဆက်သွားနိုင်မယ်ဆိုရင် နောက်သုံးပတ်လောက်အတွင်း ချန်ပီယံဆုဟာ ကျွန်တော်တို့ အတွက် ဖြစ်မှာပါ။ အနည်းဆုံးတော့ ထိပ်ဆုံးလေးသင်း ၀င်နေမှာပေါ့။

တော့တင်ဟမ်အသင်းကို ငါးဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲ မှာ ဆွာရက်ဇ်ဟာ အသင်းခေါင်းဆောင်တာဝန်ယူခဲ့ပါတယ်။ဒါပေမယ့်လည်း ဂျရတ်ကသာ အကောင်းဆုံးခေါင်းဆောင် တစ်ယောက် ဖြစ်တယ်လို့ ဆွာရက်ဇ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ကို အသင်းခေါင်းဆောင် ခန့် ခဲ့တဲ့အတွက် အံ့အားသင့်မိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာ တကယ့်ခေါင်းဆောင်တစ်ယောက်ပဲ ရှိပါတယ်။ သူ (ဂျရတ်) ပါပဲ။ တကယ်လို့  ကျွန်တော်တို့ အတူစည်းလုံးနေမယ်ဆိုရင် အားလုံးဟာ ကပ္ပတိန်ပါပဲ ။အသင်းက ကပ္ပတိန်ပါပဲ။ ဒါက အဓိက အရေးကြီးဆုံးပါ။” လို့ ဆွာရက်ဇ်က ပြောဆိုခဲ့ပါတယ်။

ဥရုဂွေးအသင်းနဲ့ လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်ဟာ အခုရာသီ ပြိုင်ပွဲစုံမှာ ၂၁ ပွဲ ပါဝင်ခဲ့ပြီး ၂၄ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *