အကိုက်အခဲပျောက်ဆေးဟာ လည်ချောင်းနာတာအတွက် အကောင်းဆုံးဆေး

aspirin-334x220.jpg
Shares 0

 

အကိုက်အခဲပျောက်ဆေးဟာ လည်ချောင်းနာတာအတွက် အထိရောက်ဆုံးဆေးတွေထဲက တစ်မျိုးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဆေးနှစ်လုံးကို ရေနဲ့ဖျော်ပြီး ပလုတ်ကျင်းပါ။ မမျိုချလိုက်ပါနဲ့။ ၂နာရီအတွင်းမှာ လည်ချောင်းနာတာ သက်သာသွားတယ်လို့ Cradiff တက္ကသိုလ် သာမန်အအေးမိဖျားနာ စင်တာရဲ့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ ဆေးရဲ့အာနိသင်က အနည်းဆုံး ၆နာရီခံပါတယ်။

ပရုတ်အေးပါတဲ့ ဆေးဆို ပိုပြီးအသုံးတည့်ပါတယ်။

“နှာခေါင်းထဲ အေးမြတဲ့အထိအတွေ့ကို ဖြစ်စေပြီး နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။ လည်ချောင်းနာနဲ့ ချောင်းဆိုးတဲ့ လက္ခဏာတွေကိုလည်း သက်သာရာရစေပါတယ်။”လို့ သုတေသနကို ဦးဆောင်ခဲ့သူ ပါမောက္ခ Ron Eccles က ပြောသွားပါတယ်။

တချို့သော ပျားရည်တွေမှာ ပိုးသေစေတဲ့ ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ် သဘာဝအတိုင်းပါပါတယ်။ အဲ့ဒါက လည်ချောင်းပိုးဝင်မှုကို တိုက်ဖျက်နိုင်တယ်လို့ နယူးဇီလန်၊ ဝေကာတို တက္ကသိုလ်က ကျွမ်းကျင်ပညာရှင်တွေ ပြောကြားချက်အရ သိရပါတယ်။

Ref:dailymail

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *