စစ်ဘက်သုံးစက်ရုပ် ထုတ်လုပ်တဲ့ Boston Dynamics ကုမ္ပဏီကို Google ၀ယ်

cheetah-robot-617x416.jpg
Shares 0

ပုံ/စာ – Boston Dynamics ကထုတ်လုပ်ထားတဲ့ ကမ္ဘာ့အမြန်ဆုံး ပြေးနိုင်တဲ့စက်ရုပ် (တစ်နာရီ ၂၉မိုင်နှုန်း)

 

အင်ဂျင်နီယာ အတတ်နဲ့ စက်ရုပ်ဒီဇိုင်း ကုမ္ပဏီဖြစ်တဲ့ Boston Dynamic ကို Google က၀ယ်ယူလိုက်ပါပြီ။ အမေရိကန်စစ်တပ်အတွက် အလုပ်လုပ်ပေးဖို့ စာချုပ်ချုပ်ဆိုထားတဲ့ အဲ့ဒီ့ကုမ္ပဏီဟာ Google က ဒီနှစ်အတွင်း ၀ယ်ယူလိုက်တဲ့ (၈)ခုမြောက် စက်ရုပ်ကုမ္ပဏီဖြစ်ပါတယ်။

အမေရိကန်စစ်တပ်အတွက် Big Dog စက်ရုပ် တီထွင်မှုနဲ့ Boston Dynamic ဟာနာမည် ရထားပါတယ်။  Big Dog စက်ရုပ်ဟာ နှင်းနဲ့ရေခဲပြင် မြေကြမ်းတွေကိုဖြတ်ပြီး လမ်းပြပေးနိုင်ပါတယ်။

နှင်းနဲ့ရေခဲပြင် မြေကြမ်းတွေကိုဖြတ်ပြီး လမ်းပြပေးနိုင်တဲ့ Big Dog စက်ရုပ်

ဒီစီမံကိန်းကို ဦးဆောင်ခဲ့တဲ့ Android ဥက္ကဋ္ဌ ဟောင်း Andy Rubin က စီမံကိန်းပမာဏနဲ့ ဈေးနှုန်းကို ၀ှက်ကွယ်ထားတယ်လို့ သိရပါတယ်။

“Andy Rubinရဲ့ နောက်ထပ်လုပ်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေပါတယ်။ Andriod တုန်းကလည်း သူရူးဆန်ဆန် အတွေးအခေါ်နဲ့ စခဲ့ပြီး စူပါကွန်ပျူတာတစ်လုံးကို သန်းပေါင်း ရာချီတဲ့ လူတွေရဲ့အိတ်ကပ်ကိုယ်စီထဲမှာ ထည့်ထားနိုင်ခဲ့တာနဲ့ အဆုံးသတ်သွားတယ်။ ခုလိုပုံအောချက်အတွက် တော်တော်လေး စောနေတုန်းပဲ။ ဒါပေမယ့် တိုးတက်မှုအဆင့်ဆင့်ကို ကျွန်တော် သိပ်မြင်ချင်လွန်းနေပြီဗျာ။” လို့ Google အမှုဆောင်အရာရှိချုပ် Larry Pageကပြောသွားပါတယ်။

 

Ref:BBC

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *