အနားယူရန် အစီအစဉ် မရှိသေးပါဘူးလို့ ကောလာဟလတွေကို ချေဖျက်လိုက်တဲ့ လေတန်ဟူးဝစ်

lleyton-hewitt-practice2_3051015.jpg
Shares 0

လာမယ့် ဒီဇင်ဘာ(၂၉)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Brisbane International တင်းနစ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်သွားမယ့် ယခင်ကမ္ဘာ့အဆင့်တစ်တင်းနစ်သမားဟောင်း သြစတြေးလျနိုင်ငံသား လေတန်ဟူး ၀စ်က လာမယ့်နှစ် ဇန်န၀ါရီကျရင် သူအနားယူတော့မယ်ဆိုတာ မဟုတ်ရပါဘူးလို့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ရှင်းလင်းပြောကြားသွားခဲ့ပါပြီ။ (၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လေတန်ဟူးဝစ်ဟာ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလထဲမှာ ပြုလုပ်မယ့် သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲပြီးရင်လည်း နောင်နှစ်တွေမှာ ပြုလုပ်သွားမယ့် သြစတြေးလျ အိုးပင်းပြိုင်ပွဲများဆီ ၀င်ပြိုင်ဦးမယ်လို့ ပြောလာခဲ့တာဖြစ်ပါတယ်။

“၂၀၁၄သြစတြေးလျအိုးပင်းက ကျွန်တော့အတွက် နောက်ဆုံးပြိုင်ပွဲဖြစ်လာလိမ့်မယ် မထင်ပါဘူး။ ကိုယ့်ကိုယ်ကို မကစားနိုင်တော့တဲ့ အခြေအနေရောက်နေပြီလို့ မထင်သေးပါဘူး။ ကျွန်တော့အသက်အရွယ်၊ ဒဏ်ရာအခြေအ နေများအရဆိုရင် နားသင့်ပြီလို့ ပြောနေကြပေမယ့် အခုတော့ အဲဒီလိုမခံစားရသေးပါဘူး။ ကွင်းထဲကိုပြေးဝင်ပြီး နှစ်ခြိုက်စွာ ကစားနေဦးမှာပါ”လို့ လေတန်ဟူးဝစ်က ပြောခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ သြစတြေးလျအိုးပင်းတင်းနစ် ပြိုင်ပွဲကို ဇန်န၀ါရီ(၁၃)ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး ဟူးဝစ်က ပြိုင်ပွဲဝင်အားလုံးအတွက် ကြံ့ခိုင်မှုက အထူးအ ရေးကြီးလှပြီး ပွဲကြပ်တွေဆက်တိုက်ကစားရမယ်လို့ သတိပေးလိုက်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *