ချွေးပေါက်တွေပိတ်ဆို့မနေစေဖို့ ပြုလုပ်ရမယ့် အဆင့်(၅)ဆင့်

clean-face-image.jpg
Shares 0

          တစ်နေကုန် လှုပ်ရှားသွားလာလှုပ်ရှားဖို့အတွက် မနက်မိုးလင်းကတည်းက ခြယ်သထားတဲ့ မိတ်ကပ်တွေဟာ ကျွန်မတို့အသားအရေရဲ့ ချွေးပေါက်တွေကို ပိတ်ဆို့နေစေတတ်ပါတယ်။ ဒါ့အပြင် လမ်းသွားရင် ကပ်ငြိနေတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကလည်း အသားအရေကို ထိခိုက်စေပြီး အလားတူပဲ ချွေးပေါက်ပိတ်ဆို့နိုင်ပါတယ်။ ဒါကြောင့် ညနေဘက် အိမ်အပြန်မှာတော့ တစ်နေကုန် ချွေးပေါက်ပိတ်ထားတဲ့ ဒီအသားအရေကို အချိန်လေးအနည်းငယ်ပေးပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ ချွေးပေါက်ဖွင့်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။

အဆင့်(၁)      –        အိမ်ရောက်ရောက်ချင်း ပထမဆုံးလုပ်ရမှာက မိတ်ကပ်ဖျက်ဆေးရည် (သို့) မိတ်ကပ်ဖျက်ပုဝါနဲ့ တစ်နေ့တာလုံး ပေကျန်နေတဲ့ မိတ်ကပ်အဟောင်းတွေကို ဖျက်ပါ။ မျက်နှာ မသစ်ဖြစ်ရင်တောင် ဒါဟာ နာရီအတော်ကြာ အသားအရေကို အသက်ရှုချောင်စေတဲ့ အမှန်ကန်ဆုံး နည်းလမ်းပါပဲ။

အဆင့်(၂)      –        နာမည်ကျော် တစ်ဦးဖြစ်တဲ့ Dr.Murad တစ်ခါကပြောဖူးတယ်။ သင့်အနေနဲ့ မျက်နှာသစ်ရာမှာ အနည်းဆုံး (၂)ကြိမ်သစ်သင့်ပါတယ်တဲ့။ ဒါကိုကြားလိုက်ရရင် ရူးကြောင်ကြောင် နိုင်တယ်လို့ ထင်ချင်စရာပဲ။ ဒါပေမယ့် ပထမအကြိမ်သစ်လိုက်ခြင်းက မိတ်ကပ်နဲ့ တခြားအညစ်အကြေး တွေကို ဖယ်ရှားရုံသာဖြစ်ပြီး ဒုတိယအကြိမ်ကတော့ သင့်အရေပြားရဲ့ အတွင်းထဲအထိအောင် သန့်စင်စေနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာသစ်ပြီးနောက်မှာ ရေနွေးနွေးလေးနဲ့ သစ်ပေးဖို့လည်း လိုပါတယ်။

          မျက်နှာသစ်ခြင်းကို ဂရုစိုက်ရုံနဲ့ မပြီးပဲ မျက်နှာသုတ်ပုဝါကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ မျက်နှာသုတ်ပုဝါမှာ ပိုးမွှားတွေ ကပ်ငြိနေနိုင်တာကြောင့် နည်းဆုံးတော့ တစ်ပတ်တစ်ကြိမ် လျှော်ဖွတ်သင့်ပါတယ်။  

အဆင့်(၃)      –        အနည်းဆုံတစ်ပတ်ကို တစ်ကြိမ်လောက်တော့ မျက်နှာပေါင်းတင်ဖို့အတွက် အချိန်(၁၀)မိနစ်လောက် ရအောင်ယူသင့်ပါတယ်။ အဆီတွေအများဆုံး ပိတ်တတ်တဲ့ နေရာတွေ ဖြစ်တဲ့ နှာခေါင်းနဲ့ မေးစေ့နားတစ်ဝိုက်ကို ဆားဝက်ခြံဖယ်တဲ့ မျက်နှာပေါင်းတင်ဆေးသုံးပါတယ်။ ပြီးရင်တော့ ကျန်မျက်နှာတစ်ပြင်လုံးကို မိမိနဲ့သင့်တော်တဲ့ မျက်နှာပေါင်းတင်ဆေး သုံးပေးလိုက်ပါ။ ရွှံ့စေးနဲ့လုပ်ထားတဲ့ မျက်နှာပေါင်းတင်ဆေးက မျက်နှာပြင်ရှိ အဆီများကို စုပ်ယူနိုင်ပါတယ်။

အဆင့်(၄)      – ပေါင်းတင်ထားတဲ့အတွက် အသားအရေရဲ့ အစက်အပျောက်လေးတွေက ခြောက်သွေ့ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် အသားအရေကို ပြန်လည် နူးညံ့သွားအောင် Cleansing Treatment ကရင်မ်နဲ့ ပြန်လည်နှိပ်နယ်ပေးသင့်ပါတယ်။

အဆင့် (၅)     –        နောက်ဆုံးအဆင့်အနေနဲ့ ပိတ်ချောသားကို ရေနွေးပူပူမှာနှစ်ပြီး မျက်နှာမှာ မျက်နှာသစ်ဆေးနဲ့ ပေါင်းတင်ဆေးတွေ အကြွင်းအကျန်မရှိအောင်လို့ ခပ်ကြမ်းကြမ်းလေး ပွတ်တိုက် ပေးပါ။ ဒါကိုသုံးကြိမ်လောက်လုပ်ပြီး အ၀တ်ကို ရေအေးနဲ့ဆေးလိုက်ပါ။ ပြီးတော့ မျက်နှာမှာ ငါးစက္ကန့်လောက် အုပ်ထားပေးလိုက်ပါ။

Ref:seventeen

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *