ဗန်ပါဆီ(၁)လနားရမယ့် ဒီဇင်ဘာပွဲကြပ်ကာလကို မန်ယူဘယ်လိုဖြတ်သန်းမှာလဲ

article-2523183-19ef244700000578-378_634x450.jpg
Shares 0

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ အခြေအနေတွေကောင်းနေပေမယ့် ပြည်တွင်းပရီးမီးယားလိဂ်မှာဆိုရင်တော့ နိုင်ပွဲပျောက်နေခဲ့တာ (၄)ပွဲရှိနေပြီဖြစ်တဲ့ မန်ယူအတွက် အကြီးမားဆုံးထိုးနှက်ချက်အဖြစ် တိုက်စစ်မှူးဗန် ပါဆီ ပေါင်ခြံဒဏ်ရာထပ်ရသွားခဲ့ကာ တစ်လနားရတော့မှာဖြစ်ပါတယ်။ ဗန်ပါဆီဟာ နယူးကာဆယ်ကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမတိုင်ခင် (၄)ပွဲကို လွဲချော်ခဲ့သေးပြီး ရှက်တာဒိုးနပ်စ်ကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာပြန်ရ သွားခဲ့တာဖြစ်ပါတယ်။ “ ရော်ဘင်က ပေါင်ဒဏ်ရာရခဲ့တာပါ။ တစ်လလောက် ကစားနိုင်မှာ မဟုတ်တော့ဘူး။ ဂိုး ရခဲ့တဲ့ ထောင့်ကန်ဘောကို သူကန်တင်ပေးခဲ့ပြီး ဒီဒဏ်ရာရသွားခဲ့တာပါ”လို့ မန်ယူနည်းပြ မိုရက်စ်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအနားယူရတော့မယ့် ယမန်နှစ် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဟာ ဒီဇင်ဘာပွဲကြပ်ကာလအတွင်း မန်ယူရင် ဆိုင်ရမယ့် ပွဲများအားလုံးကို မပါဝင်နိုင်တော့တဲ့အတွက် ဘယ်လိုပဲပြောပြော တိုက်စစ်အင်အားကို များစွာယုတ် လျော့သွားစေမှာ အမှန်ပဲဖြစ်ပါတယ်။ ဗန်ပါဆီလွဲချော်နိုင်တဲ့ ပွဲစဉ်များကို လေ့လာကြည့်တဲ့အခါ ဗီလာ(ဝေး)၊ စတုတ်စီးတီး(ဝေး)၊ ၀က်စ်ဟမ်း(အိမ်)၊ ဟားလ်စီးတီး(အဝေး)၊ နော့ဝှစ်(အဝေး)၊ တော့တင်ဟမ်(အိမ်)၊ ဆွမ် ဆီး(အိမ်)တို့ဖြစ်နေတာတွေ့နိုင်ပါတယ်။ ဒီပွဲတွေကိုကြည့်တဲ့အခါမှာ ကံကောင်းတယ်လို့ဆိုရလောက်အောင် ဒီဇင်ဘာပွဲကြပ်ကာလအတွင်းမှာ တော့တင်ဟမ်ကလွဲရင် ထိပ်တန်းအသင်းများပါမနေခြင်းပါပဲ။ ဒါကြောင့် ပွဲ စဉ်ဇယားရဲ့ ဖေးမမှုအောက်မှာ မန်ယူအတွက် လိုအပ်နေတဲ့ နိုင်ပွဲတွေကို မိုရက်စ်ရယူပေးနိုင်မလားဆိုတာ ကတော့ . . . .

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *