မသန်စွမ်းသူတွေဘ၀ပိုမိုမြင့်မားလာစေဖို့ပံ့ပိုးပေးနေတဲ့ ရွှေမင်းသားဖောင်ဒေးရှင်း

557264_489282154498759_25110065_n.jpg
Shares 0

မသန်စွမ်းသူတွေ ဟာ ပစ်ပယ်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း တို့နဲ့ ဖယ်ထုတ် ခံထားကြရပါတယ်။ ဒါကြောင့် ကျန်းမာရေး၊ ပညာရေး၊ နေရေးနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေ ကို လက်လှမ်းမမီကြတဲ့အတွက် ပိုပြီး ဆင်းရဲနွမ်းပါး ကြသလို နာတာရှည် ဆင်းရဲနွမ်းပါးမှု၊ အထီးကျန်မှု အပြင် အချိန်မတိုင်မီ သေဆုံးကြရတဲ့ အထိဖြစ်ကြရပါတယ်။ ဆင်းရဲနွမ်းပါးမှု ဟာ မသန်စွမ်းမှု ကို ဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်သလို မသန်စွမ်းမှု ရဲ့အကျိုးဆက် ရလာဒ်လည်း ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု ကို ဖယ်ရှားနိုင်မှသာ မသန်စွမ်းသူတွေ ရဲ့ ဘ၀ အရည်အသွေး ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းတွေကို မသန်စွမ်းသူတွေ က လက်လှမ်းမှီလာ မှာဖြစ်ပါတယ်။ ဒီလို မသန်စွမ်းသူတွေ အတွက် တတ်နိုင်တဲ့ ဘက်က ထောက်ပံ့ပေးနေတဲ့ ဖောင်ဒေးရှင်တွေ အနက် ရွှေမင်းသားဖောင်ဒေးရှင်းကတော့ ၂၀၀၈ခုနှစ် မေလ ၈ရက်နေ့မှာ စတင်ထူထောင်ခဲ့ပါတယ်။

လူမှုရေး လှုပ်ရှားမှုတွေအဖြစ်၂၀၀၈ခုနှစ် မေလ အတွင်း ကျရောက် တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း အပြီးမှာ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ မသန်စွမ်း ပညာရေးထောက်ပံ့မှုအနေနဲ့ ၂၀၁၀၊၂၀၁၁ ပညာသင်နှစ် ကစပြီး ၅နှစ်စီမံကိန်းချကာ ရာသက်ပန် ပညာသင်ဆု ကို စတင်ချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်ရှိ မသန်စွမ်းသူတွေ ရဲ့ ဘ၀ အရည်အသွေး တိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်ပြီးတော့လည်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)နဲ့ ပူးပေါင်းကာ မသန်စွမ်းသူတွေ အတွက် ရပ်ရွာ လူထု အခြေပြုပြန်လည် ထူထောင်ရေး လုပ်ငန်း စီမံချက်ပြုလုပ်နိုင်ခဲ့ပြီး ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ကပဲ မသန်စွမ်း သူတွေ ပြည်သူ လူထုအတွင်း ၀င်ဆံ့နိုင်ဖို့ ပေါင်းစည်း လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာအောင် ရည်ရွယ် ဖန်တီးခဲ့ကြပါတယ်။

ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) က မသန်စွမ်း ရံပုံငွေပွဲ တွေကိုလည်း ကျင်းပခဲ့ပြီး မသန်စွမ်းသူတွေ အတွက် အဓိက အရေးပါတဲ့ အသက်မွေးဝမ်းကျောင်း ပညာရရှိရေး နဲ့ အလုပ်အကိုင် ၀င်ငွေ ရရှိရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ ဖြစ်တဲ့ စက်ချုပ် အတတ်ပညာ၊ ဇာထိုး ပန်းထိုး၊ ဆံပင်ညှပ်ခြင်း ပညာရပ်တွေကို သင်ကြားပေးခဲ့ သလို မြန်မာနိုင်ငံ အရပ်ရပ်မှာ ရှိတဲ့ မသန်စွမ်း သူတွေရဲ့ စားဝတ်နေရေး ပြေလည်စေဖို့ မသန်စွမ်း တစ်ဦးချင်းစီကို ထောက်ပံ့ငွေတွေ အတိုးမဲ့ ထုတ်ချေးပေးခဲ့ပါသေးတယ်။ အခုချိန်မှာရွှေမင်းသား ဖောင်ဒေးရှင်း အနေနဲ့ နေပြည်တော်၊ ပျဉ်းမနား၊ မန္တလေး၊ ကျိုက်ထို၊ ဟင်္သာတ အပါအ၀င် ရုံးခန်းပေါင်း၈ခု ဖွင့်လှစ်နိုင်ခဲ့ပြီး အခု လက်ရှိ မသန်စွမ်း လူငယ် ၆၀၀၀ကျော် နီးပါးလောက် ကို ထောက်ပံ့ ပေးထားနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့နိုင်ငံမှာ မသန်စွမ်းသူ တွေကို အခွင့်အရေး တန်းတူ ရရှိဖို့ နည်းလမ်း တစ်ခု အနေနဲ့ လုပ်ဆောင်ပေးနေတဲ့ ဖောင်ဒေးရှင်း တစ်ခုအကြောင်း ခုလိုရေးသား ဖော်ပြရင်း မသန်စွမ်းသူတွေရဲ့ အနာဂတ် ပိုမိုလှပ လာအောင် အားလုံး ၀ိုင်းဝန်းပံ့ပိုးပေးကြရအောင်လို့ တိုက်တွန်းရင်း။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *