အကယ်ဒမီဗန်းကိုင် ၈ ဦးရဲ့ ရင်ခုန်သံများ

1499605_815337495144899_262365963_n.jpg
Shares 0

ခုဆိုရင် ၂၀၁၂ခုနှစ်အကယ်ဒမီပေးပွဲအတွက် ဗန်းကိုင်စာရင်းတွေ ထွက်ရှိလို့လာခဲ့ပြီမို့ သူတို့(၈)ဦးရဲ့ ရင်ခုန်သံတွေ ဘယ်လိုရှိမလဲဆိုတာခုလို မေးမြန်းကြည့်ဖြစ်ခဲ့ပါတယ်။

မေစူးနိုင်း

၂၀၁၂ အကယ်ဒမီပေးပွဲမှာ ဗန်းကိုင်အနေနဲ့ပါဝင်ခွင့်ရတဲ့အတွက် ပျော်လွန်းလို့ မျက်ရည်တောင် ကျမိပါတယ်။ ဒါက ညီမရဲ့ ပထမဆုံး အနုပညာလှုပ်ရှားမှုဖြစ်သလို အနုပညာအလုပ်နဲ့ ပထမဆုံး စတင်ထိတွေ့ခြင်းပါ။ ပြီးတော့ ညီမကျောင်းက ခဏနားထားပါတယ်။ ရုပ်ရှင်အစည်းအရုံးကဖွင့်တဲ့ သင်တန်းမှာ တက်ရောက်နေလို့ပါ။ အခုနှစ်က စနစ်သစ်နဲ့လုပ်မှာဆိုတော့ အဲဒီအတွက်ကို ပိုပြီးရင်ခုန်နေပါတယ်။

လမင်းအိနြေ္ဒ

လမင်းဗန်းကိုင်အနေနဲ့ ပါဝင်ရတဲ့အတွက် ၀မ်းသာပျော်ရွှင်မိပါတယ်။ ဒီနှစ်က လမင်း ၃ နှစ်ဆက်တိုက်လျှောက်ပြီးမှ ပါဝင်ခွင့်ရခြင်းပါ။ ရှေ့နှစ်ကလဲ မတိုက်ဆိုင်တဲ့အတွက် မပါဝင်ခဲ့ရဘူး။ ဒီနှစ်ကတော့ လမင်းနဲ့တိုက်ဆိုင်လို့ပါဝင်ခွင့်ရတယ်လို့ပဲခံစားမိပါတယ်။ အရင်နှစ်နဲ့မတူတဲ့ စနစ်သစ်၊ ပုံစံသစ်တွေနဲ့ ကိုယ့်အရည်အချင်းကို ပြပြီးစစ်တဲ့ပွဲလေးမှပါဝင်ရတဲ့အတွက် ကျေနပ်ပါတယ်။အနုပညာမျိုးရိုးလဲမရှိပါဘူး။ ပညာအရည်အချင်းက ဒုတိယနှစ်ဒဿနိက တက်နေပါတယ်။

မေမြင့်မိုရ်

အနုပညာသမားတွေရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ အကယ်ဒမီပေးပွဲမှာပါဝင်ခွင့်ရတဲ့အတွက် ၀မ်းသာကျေနပ်မိပါတယ်။ မနှစ်ကတော့ပွဲတက်ဖြစ်တယ်။ ဒီနှစ်ကလဲ အစက ပွဲတက်ဖို့ပဲ ။ ဒါပေမဲ့ အရင်ကတည်းက ဗန်းကိုင်အဖြစ်ပါဝင်ချင်တဲ့အတွက် ကိုယ့်ဘ၀မှာလဲ မှတ်တိုင်တစ်ခုဖြစ်အောင် လျှောက်ဖြစ်တာကနေရွေးချယ်ခံရတာပါ။ ညီမပညာအရည်အချင်းကတော့ အဝေးသင် ဥပဒေ တက်နေပါတယ်။ ဒဂုံတက္ကသိုလ်မှာပါ။ နောက်တစ်ခုကတော့ Victoria University တက်နေပါတယ်။

ရှင်ဝေနိုင်ဦး

ဒီနှစ်က အရင်နှစ်တွေနဲ့ မတူတဲ့ အဆင့်ဆင့်ရွေးချယ်မှုတွေထဲမှာ ပါဝင်ရတဲ့အတွက် ကျေနပ်ပါတယ်။ ဗန်းကိုင်ကို ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တယ်။ အဲဒါနဲ့ပဲလျှောက်ဖြစ်သွားတာပါ။ အရမ်းလဲပျော်ပါတယ်။ ဂုဏ်လဲယူပါတယ်။ ညီမရဲ့ ပညာအရည်အချင်းကတော့ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ် Third Year အထူးပြု Business Managementအထူးပြုတက်နေပါတယ်။ ရှေ့ဆက်ပြီး အခွင့်အရေးပေးရင်ပေးသလို အနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာပါ။

အင်ကြင်းထူး

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြုလုပ်တဲ့ ပွဲမှာပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ အနုပညာမျိုးရိုးတော့ရှိပါတယ်။ အန်တီသန်းသန်းစိုးပါ။ ညီမရဲ့ အဒေါ်ပေါ့။ ပါမယ်လို့လဲ မထင်ထားပါဘူး။ အားလုံးက အချောအလှတွေကြီးပဲဆိုတော့လေ။ မမျှော်လင့်ဘဲ ပါဝင်ခွင့်ရတဲ့ အတွက် ကျေနပ်ပါတယ်။ အရင်ကတော့ အနုပညာနဲ့ပတ်သတ်ပြီး ရှိုးတွေလျှောက်ဖြစ်တယ်။ ညီမပညာအရည်အချင်းကတော့ အီးမေဂျာ ဒုတိယနှစ်တက်နေပါတယ်။

နှင်းဆီဝိုင်

ဒီလိုမျိုး အနုပညာလောကသားတွေရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ ဒီပွဲလေးမှာပါဝင်ခွင့်ရတဲ့အတွက် ၀မ်းသာတယ်။ ပျော်တယ်။ အနုပညာအလုပ်တွေကို အခွင့်အရေးပေးရင် ပေးသလို ဆက်လုပ်သွားမှာပါ။ ညီမအဖေက ကင်မရာမန်းပါ။ အခုဒီနှစ်မှာ အကယ်ဒမီ တစ်ပြေးနေတဲ့ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီဇာတ်ကားက အဖေ ကင်မရာမန်းလုပ်ခဲ့တဲ့ကားပါ။ ဒီနှစ်မှာပဲမှတ်မှတ်ရရ သမီးက ဗန်းကိုင်အနေနဲ့ပါဝင်ရတဲ့အတွက်အတိုင်းမသိပါပဲရှင်။ ညီမ ပညာအရည်အချင်းကတော့ B  Tech (First Year)နည်းပညာနဲ့ပြောရင် Third Year တက်နေပါတယ်။

ဆောင်းဝတ်ရည်မေ

ဗန်းကိုင်ဆိုတာ ညီမအတွက် အိပ်မက်တစ်ခုပါ။ အခုတော့ညီမရဲ့အိပ်မက်လေး အကောင်အထည် ပေါ်တယ်လို့ပဲပြောရမှာပါ။ ဒီပွဲက ညီမရဲ့ ပထမဆုံး ၀င်ပြိုင်တဲ့ ပွဲဖြစ်တဲ့အတွက် ၀မ်းသာ ပျော်ရွှင်မိပါတယ်။ ညီမအနုပညာလှုပ်ရှားမှုအနေနဲ့ MRTV4 ကဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ပြက္ခဒိန်လဲရိုက်ထားပါတယ်။ ပြီးရင်လဲအနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ကိုင်သွားမှာပါ။  ညီမရဲ့ပညာအရည်အချင်းက နည်းပညာတက္ကသိုလ် လှိုင်သာယာ Electronic CommunicationThird Year B Techတက်နေပါတယ်။

ခိုင်ဇင်သင်း

အကယ်ဒမီဗန်းကိုင်အဖြစ်ပါဝင်ခွင့်ရတာကို အရမ်းပဲဝမ်းသာဂုဏ်ယူမိပါတယ်။ ညီမမှာ အနုပညာမျိုးရိုးလဲမရှိပါဘူး။ ဒါကပထမဦးဆုံးပါ။  ပထမဆုံးအနုပညာလှုပ်ရှားမှုဆိုရင်လဲ မမှားပါဘူး။ ရွေးတုန်းကဆိုရင် ပါမှပါပါ့မလားဆိုပြီး ရင်တွေအရမ်းခုန်ခဲ့တယ်။ ညီမပညာအရည်အချင်းကတော့ Third Year Business Management တက်နေပါတယ်။ ဒါပြီးသွားရင် ညီမကျောင်းဆက်တက်ဦးမှာပါ။ ပြီးတော့မှဒီအလုပ်ကို ဆက်တိုက်လုပ်သွားမှာပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *