Billboard မဂ္ဂဇင်းရဲ့ တစ်နှစ်တာအကောင်းဆုံး အနုပညာရှင်ဆုရရှိခဲ့တဲ့ Bruno Mars

19_brunomars_560x375.jpg
Shares 0

        ၂၀၁၃ ခုနှစ် တစ်နှစ်တာလုံးရဲ့ ဇယားကို ပြန်လည်ဆန်းစစ်ကြည့်လိုက်တဲ့အခါ Bruno Mars ဟာ တစ်နှစ်တာလုံးရဲ့ အကောင်းဆုံးအနုပညာရှင်ဖြစ်ပါတယ်လို့ Billboard မဂ္ဂဇင်းက အမည်တပ်ခဲ့ပါတယ်။

          သူ့ရဲ့နောက်ဆုံး အယ်လ်ဘမ် “Unotrhodox Jukebox” ဟာ Hot 100 chart မှာ နာမည်အကြီးဆုံး single သုံးပုဒ် ပါဝင်နိုင်ခဲ့ပါတယ်။ “Lock Out of Heaven” (နံပါတ်(၁) နေရာမှာ ၆ပတ်ကြာ ရပ်တည်ထားသောသီချင်း) ၊ “When I Was Your Man” နဲ့ “Treasure” တို့ပါပဲ။

           အလားတူပဲ Taylor Swift, Katy Perry, Robin Thicke, Macklemore နဲ့ Ryan Lewis တို့ကိုတော့ ပရိသတ်အကြိုက်ဆုံးနဲ့ စိုးမိုးခြယ်လှယ်မှု အများဆုံးရှိခဲ့သူတွေအဖြစ် ရွေးချယ်ခဲ့ပါတယ်။

           Mars ရဲ့ “Jukebox” ဟာ အယ်လ်ဘမ်စထွက်တဲ့ ၂၀၁၂ခုနှစ် ဒီဇင်ဘာလကနေပြီး ၂၀၁၃ခုနှစ် စက်တင်ဘာလအထိ Billboard 200 ရဲ့ 1-20 စာရင်းမှာ ရပ်တည်ထားနိုင်ခဲ့တဲ့အတွက် “မြဲမြံစွာ ရပ်တည်ထားနိုင်သူ” အဖြစ် ချီးကျူးပြောဆိုခံခဲ့ရပါတယ်။ ဒီအယ်လ်ဘမ်ဟာ အချပ်ရေပေါင်း ၁.၈ သန်း ရောင်းချခဲ့ရပါတယ်။

Ref:starpulse

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *