အိုဇေးလ် အာဆင်နယ်မှာ ကစားနေတာကို ကြည့်ရင်းနဲ့ ရောဘတ်ပီးရက်စ်ကို သတိရမိတဲ့ အွန်နီရီ

d2.jpg
Shares 0

တစ်ချိန်က အာဆင်နယ်ရဲ့ ဘုရင်တစ်ပါးဖြစ်ခဲ့ဖူးပြီး အသင်းရဲ့ ထာဝရဂိုးသွင်းဘုရင်အဖြစ် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီက မီဇက်အိုဇေးလ်ဟာ တ ကယ့်ကို ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ကွင်းလယ်ကစားသမားတစ်ဦးထဲမှာ ရှိသင့်တဲ့အရည်အချင်း များနဲ့ ပြည့်စုံသူဖြစ်ကာ အရင်က အာဆင်နယ်ကစားဖော်ဟောင်း ရောဘတ်ပီးရက်စ်ကို အမှတ်ရစေပါတယ်လို့ ပြောလာခဲ့ပါပြီ။ “ ကျွန်တော် အိုဇေးလ်နဲ့ အတူကစားဖြစ်ခဲ့ရင် ကောင်းမယ်ဗျာ။ သူ့ကို ကြည့်ရတာ ရောဘတ် ကို အမှတ်ရစေပါတယ်။ သူကဘောလုံးကို ကောင်းကောင်း ဖြန့််ဝေနိုင်သလို လျှင်မြန်တဲ့သူဆီ၊ အထောင်တိုက် စစ်မှူးဆီ အတိကျဆုံးဘောလုံးပေးပို့နိုင်တယ်။ ကွင်းလယ်ကစားသမားတစ်ယောက်ဆီက ခင်ဗျားတို့လိုချင်တဲ့ အရည်အသွေးတွေအားလုံး သူပိုင်ဆိုင်ထားတယ်။ ကြည့်ရတာ သူ့အိမ်ထဲက မြေကွက်လပ်ထဲမှာ အေးအေးလူ လူကစားနေတဲ့အတိုင်းပဲ။ အဲဒီလိုစွမ်းရည်တွေကို အာဆင်နယ်ဆီ သူယူဆောင်လာခဲ့တာပါပဲ”လို့ အွန်နရီက  ပြောခဲ့တာဖြစ်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *