ဒီခရစ်စမတ်မှာ ကောင်လေးကို လက်ဆောင်ပေးဖို့

gifts.jpg
Shares 0

          လက်ဆောင် ဆိုတာ နည်းတယ်များတယ် မဆိုင်ဘဲ စေတနာသန့်သန့်နဲ့ ပေးအပ်လာရင်တော့ တန်ဖိုးထားတတ်သူချည်း ပါပဲ။ နှစ်ပတ်လည်လက်ဆောင်၊ ချစ်သက်လက်ဆောင်၊ ခရစ်စမတ်လက်ဆောင် ၊ နယူးရီးယားလက်ဆောင်၊ ဘာလက်ဆောင်ပဲဖြစ်ဖြစ်ပါ။ သမရိုးကျ ချစ်ခြင်းတစ်ခုကို သက်ဝင်လှုပ်ရှားလာစေတာကလဲ လက်ဆောင်ပါပဲ။

          လက်ဆောင်ပေးဖို့ အိုင်ဒီယာ ကောင်းကောင်းလေးတွေ မရှိသေးဘူးဆိုရင်တော့ နည်းနည်း လေ့လာကြည့်လိုက်ပါ။

(၁)     အားကစားဆွယ်တာများ

          တနင်္ဂနွေအားလပ်ရက်တိုင်း ဂျာစီကုတ်အင်္ကျံတစ်ထည် ၀တ်နေတဲ့ သင့်ကောင်လေးကို ဒါမျိုးလး ၀ယ်ပေးလိုက်ပါ။ ညနေပိုင်း ကစားပွဲတစ်ခုခု သွားကြည့်တဲ့အခါမျိုးမှာဆို အသင့်တော်ဆုံးပေါ့။

(၂)     ချစ်စရာ လည်စည်းလေးတွေ

          အရောင်ပြည့် လည်စည်းလေးတွေအစား မြင်နေကျမဟုတ်တဲ့ ဒီလို ပုံအဆန်းလေးနဲ့ လည်စည်းလေးတွေကို ပေးမယ်ဆိုရင်တော့ အနည်းငယ်ကလေးဆန်ပေမယ့် စိတ်ကို ရွှင်လန်းသွားစေမှာတော့ အမှန်ပါပဲ။

(၃)     Bluetooth Speakers

          သီချင်းကြိုက်တတ်တဲ့ချစ်သူအတွက် အသုံးဝင်မယ့် ပစ္စည်းလေးတစ်ခုဖြစ်မှာပါ။ အကုန်အကျလည်း သိပ်မများဘူးလေ။

(၄)     ဒီဇိုင်းဆန်း ခြေအိတ်လေးတွေ

          ဆောင်းတွင်းအတွက်သာမက အားကစားဝါသနာပါတဲ့ ကိုကိုတို့အတွက် အသုံးဝင်နိုင်မယ့် ပစ္စည်းလေးပါ။

(၅)     Hoodie ပျော့လေးတွေ

          သက်သောင့်သက်သာ ရှိပြီး အနွေးဓါတ်ပေးနိုင်တဲ့ ခေါင်းစွပ်အင်္ကျံလေးတွေက သူ့အတွက် အလွန်အသုံးဝင်မှာပါ။ လူငယ်စတိုင်လည်း ရစေတယ်လေ။

(၆)     Major Headphones

          နားကြပ်လေးတွေက အသုံးဝင်ပါတယ်။ ဒါပေမယ့် serious မြူးဇစ်သမား ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒါလေးက သူ့ကို ပျော်ရွှင်သွားစေနိုင်ပါတယ်။

(၇)     စတိုင်ကျတဲ့ boots

          သင့်ရဲ့ ကောင်လေးမှာ စတိုင်ကျကျနဲ့ boot တစ်ရံ မပိုင်ဆိုင်ထားသေးဘူးဆိုရင်တော့ ဒါမျိုးသာ ရှာဝယ်ပေးလိုက်ပါ။

(၈)     လည်စည်းပ၀ါ

          တကယ်လို့ သင့်ကောင်လေးကို အခုထက်ပိုပြီး ဖက်ရှင်ကျစေချင်ရင်တော့ ဒီလို လည်စည်းပုဝါလေးတစ်ခု ရှာဖွေပြီး ပေးလိုက်ပါ။

(၉)     T-shirt

          သင်နဲ့သင့်ကောင်လေးတို့က ရှိုးပွဲကြည့်လေ့ရှိသူမျိုးဆိုရင်တော့ သူကြည့်တတ်တဲ့ ရှိုးပွဲလေးတွေကို မှတ်သားပြီး ဒီပုံစံ Sticker လှလှလေးတွေ ရွေးဝယ်ပေးလို့ရတယ်နော်။

(၁၀)   အရမ်းမိုက်တဲ့ Snapback လေးတွေ

          မင်းရဲ့ကောင်လေးကို snapback ရေစီးကြောင်းထဲကနေ လွတ်မသွားစေနဲ့နော်။ ဒီလို up date ဖြစ်တဲ့ ဟာမျိုး သူ့အတွက်အမြဲတမ်း ရှာကြည့်ပေးနေရင် သူလည်း ကြည်နူးမှာပေါ့။

Ref:seventeen

 

 

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *