A Day to Remember band

url.jpg
Shares 0

 A Day to Remember Band အမေရိကန်ရော့ခ်ဂီတ တီးဝိုင်းတစ်ခုဖြစ်ပြီး အိုကယ်လာမြို့ ၊ ဖလော်ရီဒါပြည်နယ် ကဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာစတင်ခဲ့ပြီး အရင်ကတော့ Tom Denney , Brandon Roberts , Bobby Scruggs တို့သုံးဦးနဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဆိုရှင်အဖြစ် Jeremy McKinnon ၊ ရစ်သမ်ဂစ်တာ နဲ့နောက်ခံသီဆိုသူ အဖြစ် Neil Westfall ၊ ဘေ့စ်ဂစ်တာသမား Joshua Woodard ၊ ဒရမ်သမားအဖြစ် Alex Shelnutte နဲ့ လိဒ်ဂစ်တာသမားအဖြစ် Kevin Skaff တို့ ငါးဦးနဲ့ပြန်လည် ဖွဲ့စည်းထားပါတယ်။

အယ်လ်ဘမ်တွေ အနေနဲ့ And Their Name Was Treason (၂၀၀၅)၊ For Those Who Hae Heart (၂၀၀၇)၊ Homesick (၂၀၀၉)၊ What Separates Me from You (၂၀၁၀) တို့ထွက်ရှိခဲ့ပြီး  အခုငါးခုမြောက်အယ်လ်ဘမ် Common Courtesy ကို ၂၀၁၃ အောက်တိုဘာ မှာ ထွက်ရှိမယ်လို့သိရပါတယ်။ မြူးဇစ်စတိုင်အနေနဲ့ကတော့ metalcore, pop punk, post-hardcore, emo-pop ပုံစံတွေ သီဆိုဖြစ်ပါတယ်။

မတ်လ (၁၈)ရက်နေ့မှာ McKinnon ဟာ Common Courtesy ရဲ့ အသံသွင်းမှု အပိုင်းအားလုံး ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် တီးလုံးပိုင်းကို စနေပြီဖြစ်လို့ကြေညာခဲ့ပါတယ်။ ဒီအယ်လ်ဘမ် ထဲမှာ အရင်အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ လိဒ်ဂစ်တာသမား Denney ရဲ့ အသံပိုင်းဆိုင်ရာ စီစဉ်မှု တွေပါဝင်ပါတယ်။

''ဒါဟာ ထူးဆန်ပြီးအံ့ဩဖို့ကောင်းမှာပါ။ နားထောင်ကြည့်ပြီး ပျော်ရွှင်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဒါအတွက်ပြင်ဆင်နေတာ အတော်ကြာပြီလေ။ ကျွန်တော်တို့စလုပ်ခါစတုန်းက တော်တော်အဆင်မပြေဘူး။ ဗီဇနှစ်ခု ကိုပေါင်းစပ်တာက အလုပ်မဖြစ်ပါဘူးကွာလို့ အားလုံးကပြောကြတယ်။ တကယ်ပါပဲ၊ တော်တော်များများ မှာ အဲဒီ ခံစားချက်ရှိနေတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ကြားချင်တာ ကိုပဲ အမြဲတမ်း တီးခတ်ဖြစ်ခဲ့ပါတယ်။ ပရိသတ်ကို ခံစားချက် အတိုင်း အရိုးသားဆုံးချပြပါတယ်။ ကျွန်တော်တို့ ပေါ့ပ်-ပန့်ခ် (pop punk) ဂီတ ကိုနှစ်သက်ပါတယ်။ ကျွန်တော်တို့ hardcore  တီးဝိုင်းကို ချစ်ပါတယ်။ ပြီးတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာ ကို ဆုံးဖြတ်မထားပါဘူး။ ဒါကြောင့် ကျွန်တော်တို့ကတော့ ဘာဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ အဲဒီနှစ်ခု ကို အတူတကွ ပေါင်းစပ်ကြည့်ရအောင် လို့ပဲ ပြောချင်ပါတယ်'' လို့ Jeremy McKinnon  က absolutePunk နဲ့အင်တာဗျူးမှာ အခုလိုပြောသွားပါတယ်။

(Ref:wekipidia)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *