အာဆင်နယ်က ကျွန်တော့ကိုခေါ်ချင်ခဲ့တယ်လို့ ပြောပြလာတဲ့ အသလက်တီကိုတိုက်စစ်မှူး ဒေးဗစ်ဗီလာ

a.jpg
Shares 0

ယခုအချိန်မှာ စပိန်လာလီဂါ အမှတ်ပေးဇယားဒုတိယနေရာမှာ အခိုင်အမာရပ်တည်လျက်ရှိတဲ့ အသလက်တီကို အသင်းအတွက် အထူးခြေစွမ်းပြလျက်ရှိတဲ့ စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာက သူဘာစီလိုနာကစားသမားအဖြစ် ရှိနေခိုက်မှာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးကြောင်း ဖွင့်ပြောလာခဲ့ပါပြီ။ အဲဒီအချိန်ကတော့ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီအပြောင်းအရွေ့ဈေးကွက်အတွင်းမှာဖြစ်ပြီး တိုက်စစ်မှူးကောင်းတစ်ဦး အသည်း အသန်လိုအပ်လျက်ရှိတဲ့ အာဆင်နယ်နည်းပြ ၀င်းဂါးက ဂိုးသွင်းကောင်းတဲ့ ဒေးဗစ်ဗီလာကို ကမ်းလှမ်းခဲ့တာပါ။ “ အဲဒီအချိန်က အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုက ဘာစီလိုနာအတွက် ကောင်းမွန်လွန်းခဲ့သလို ကျွန်တော့အတွက် လည်း အရမ်းကောင်းခဲ့တယ်။ ဒါပေမယ့် အသင်းဘက်က ကျွန်တော်ထွက်ခွာရမယ့် အချိန်မဟုတ်သေးဘူးလို့ ဆုံးဖြတ်ခဲ့ကြတယ်။ အသင်းမှာ ကျွန်တော့ကို လိုအပ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့”လို့ အသလက် တီကိုတိုက်စစ်မှူးက ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး အသလက်တီကိုအသင်းရဲ့ အခြေအနေပေါ်မှာလည်း ဗီလာက  အခုလိုပြောပြခဲ့ပါသေးတယ်။ “ကျွန်တော်အသင်းကိုရောက်ချိန်မှာ ပြည့်စုံလုနီးနီးဖြစ်နေခဲ့ပါပြီ။ နှစ်တွေအများကြီး အကောင်းဆုံးပုံစံနဲ့ကစား လာခဲ့ကြပြီး အောင်မြင်မှုတွေလည်း ရခဲ့ကြတယ်။      နည်းပြဒီယေဂိုဆီမီယွန်နီဟာလည်း လူးဝစ်အာရာဂိုးနက်စ် နဲ့ ဂွါဒီယိုလာတို့လို လှုံဆော်ပေးနိုင်တဲ့ နည်းပြကောင်းတစ်ယောက်ဖြစ်ပါတယ်”လို့ ဒေးဗစ်ဗီလာက ပြောပြခဲ့ ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *