သရုပ်ဆာင်မလုပ်ဖြစ်တော့ရင် ထုတ်လုပ်ရေးဆက်လုပ်သွားမယ်လို့ဆိုတဲ့ ခိုင်နှင်းဝေ

1016045_196160627206236_1388593841_n.jpg
Shares 0

အနုပညာလောကထဲမှာ ၅နှစ်လောက် ပျောက်သွားခဲ့ပေမယ့် ခု ပရိသတ်ရှေ့ပြန်ရောက်လာတဲ့အခါ အားလုံးက အရင်လို လက်ခံအားပေးမြဲ မင်းသမီးချော ခိုင်နှင်းဝေနဲ့ တွေ့ဆုံခိုက် ‘အခု လ၀န်းမိတ္တူ’ ဆိုတဲ့ကားလေးကို မြင့်မြတ်၊ ယုသန္တာတင်တို့ နဲ့သရုပ်ဆောင်နေပါတယ်။ ဒီကားပြီးရင်တော့ ဗီဒီယိုတွေပဲ ဆက်ရိုက်ဖြစ်မယ်။ အခုအချိန်မှာ လာငှားကြတာကတော့ အမေအခန်းတွေပဲ များနေတယ်။ ဘာကြောင့်လဲဆိုတော့ သရုပ်ဆောင်သက်တမ်းလဲ ကြာလာပြီ။ ပြီးတော့ အခုခေတ်က အသစ်တွေရဲ့ခေတ်ဆိုတော့ ကိုယ်တွေက အမေအရွယ်ပြောင်းပြီး သရုပ်ဆောင်ရတယ်။ အမေခန်းဆိုပေမဲ့ ကားတစ်ကားမှာ အစ်မအခန်းက သင့်တော်တဲ့ နေရာလေးတစ်ခုကဆို အစ်မရိုက်ပါတယ်။ နောက်ပြီး  အိမ်ထောင်ရေးအခန်းတွေ သရုပ်ဆောင်ရတယ်။ အစ်မကတော့ သရုပ်ဆောင်ရတာကိုပဲ ၀ါသနာပါတဲ့အခါကျတော့ ကိုယ့်ရဲ့ သရုပ်ဆောင်မှုတွေကိုထူးခြားအောင်ကြိုးစားပြီးပရိသတ်တွေကို တင်ဆက်သွားမှာပါ။ ပြီးတော့ကြားထဲမှာလဲ အကြောင်းအမျိုးမျိုးကြောင့် အစ်မ ၅ နှစ်လောက် နားခဲ့တယ်။ ပြန်ရောက်လာတဲ့ အခါမှာတော့ ဒီလောကထဲကလူတွေက အစ်မကို ပြန်ကြိုဆိုခဲ့ကြတဲ့အတွက် အဆင်ပြေပါတယ်။’ လို့ သူမက ပြောပါတယ်။

ခိုင်နှင်းဝေဟာ သူမ ၀ါသနာပါတဲ့ သရုပ်ဆောင်အလုပ် မလုပ်ဖြစ်တော့ရင်တောင် ဒီအလုပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းကိုသာ ဆက်လက်လုပ်သွားမှာပါတဲ့။ အဲ့ဒါနဲ့ ပတ်သက်ပြီး ‘လောလောဆယ်မှာတော့ အစ်မ ဒီအလုပ်ကို ၀ါသနာပါတဲ့အတွက် ဆက်လုပ်မယ်။ တခြား စီးပွားရေးအနေနဲ့က ထုတ်လုပ်ရေးဖက်ကို တွဲလုပ်ဖြစ်မယ်။ စီးပွားရေးဆိုတာက ကိုယ်ဝါသနာပါမှ အောင်မြင်တာဆိုတော့ အစ်မကလဲဒီအလုပ်ကိုပဲ ၀ါသနာပါတဲ့အတွက် ဒီအလုပ်နဲ့ဆက်နွယ်နေတဲ့ ထုတ်လုပ်ရေးကိုပဲ ကြိုးစားဖြစ်မှာပါ။’လို့ ခိုင်နှင်းဝေက ဖွင့်ဟခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *