၂၀၀၀ ခုနှစ်မှစပြီး ဌက်ဖျားရောဂါအန္တရာယ်မှ လူ့ အသက်ပေါင်း ၃.၃ သန်းကို ကယ်ဆယ်နိုင်ခဲ့ဟု WHO ဆို

13251523_h19880333_wide-9e1aa229685442673a45b40f934165ec4bc69a78-s6-c30.jpg
Shares 0

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း WHO ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့နေရာအနှံ့ အပြားမှ လူ့ အသက် ပေါင်း ၃.၃ သန်းကို ငှက်ဖျားရောဂါပိုးကြောင့် အသက်ဆုံးရှုံးနိုင်မှုအန္တရာယ် မှ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရ ပါတယ်။ ကမ္ဘာ့ဌက်ဖျားရောဂါကူးစက်မှုနှုန်းကို ၄၅ ရာခိုင်နှုန်းအထိလျှော့ချနိုင်ခဲ့ပြီး အာဖရိကတိုက်တစ်ခုထဲမှာ တင် ၄၉ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ပါတယ်။

အခုအချိန်မှာ ကမ္ဘာ့လူဦးရေတော်တော်များများဟာ ၂၀၀၀ ခုနှစ်ကထက် ဌက်ဖျားရောဂါအန္တရာယ်မြင့်တဲ့ နေရာတွေမှာ နေထိုင်နေပေမယ့်လည်း ငှက်ဖျားရောဂါကြောင့် သေဆုံးမှုနှုန်းဟာ ဆက်လက်လျော့ကျ နေခဲ့ပါတယ်။ WHO ဟာ သက်ဆိုင်ရာနိုင်ငံအစိုးရတွေရဲ့ ဌက်ဖျားတိုက်ဖျက်မှု ရန်ပုံငွေကို မြှင့်တင်ပေး           ဖို့ ကတိက၀တ်များလည်း ပြုလုပ်ခဲ့ပါတယ်။

ဌက်ဖျားရောဂါတိုက်ဖျက်ကာကွယ်ဆေး တွေကို လွယ်ကူစွာရရှိနိုင်ဖို့ အတွက် အာဖရိကနိုင်ငံခုနှစ်နိုင်ငံမှာ စတင်လုပ်ဆောင်နေပါတယ်။ အဲ့ဒီအာဖရိကနိုင်ငံတွေမှာ တစ်နှစ်ကို ကလေးငယ် ခြောက်သိန်းကျော် ငှက်ဖျား ရောဂါကြောင့် သေဆုံးနေရတာပါ။

ဒီသတင်းဟာ အကောင်းချည်းပဲမဟုတ်ပါဘူး။ ဆေးယဉ်ပါးနေတဲ့ ဌက်ဖျားရောဂါပိုး အန္တရာယ်ဟာလည်း မြန်မာအပါအ၀င် အရှေ့ တောင်အာရှ နိုင်ငံတွေမှာ မြင့်မားလာလျက်ရှိပါတယ်။

“ ခြင်ကိုက်တာကြောင့် ဌက်ဖျားရောဂါပိုးကူးစက်ခံရပြီး ၊ လူအမြောက်အမြားသေဆုံးနေမှုဟာ ၂၁ ရာစု ကမ္ဘာကြီးရဲ့ အကြီးမားဆုံး အန္တရာယ်တွေထဲ တစ်ခုဖြစ်ပါတယ်။” လို့ WHO မှ ဒေါက်တာ မာဂရက် ချန်း က ပြောကြားသွားပါတယ်။

Ref: globalpost.com

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *