တစ်ပတ်ပေါင် (၂)သိန်းနီးနီးရလာနေပေမယ့် လျော့ဈေးနဲ့ရောင်းတဲ့ ဆိုင်မှာ လာမွှေနေခဲ့တဲ့ ဘောလုံးသမား

john-terry-poundworld.jpeg
Shares 0

အင်္ဂလန်နိုင်ငံအတွင်းမှာ လူသုံးကုန်ပစ္စည်းများကို လျော့ဈေးနဲ့ ရောင်းချတဲ့ဆိုင်အတော်များများရှိပြီး ဒီလိုဆိုင်
မျိုးတွေဆီကို ၀င်ငွေနည်းပါးသောအခြေခံလူတန်းစားများက နှစ်သက်စွာလာရောက်ဝယ်ယူလေ့ရှိကြပါတယ်။ အခုချိန်လိုမျိုး ခရစ္စမတ်ကာလနီးကပ်လာချိန်မှာ လက်ဆောင်ပစ္စည်းလေးတွေပေးဖို့အတွက် လာရောက်ဝယ် ယူသူအများအပြားရှိနေကြတာပါ။ ဒီလိုဆိုင်တွေထဲမှာမှ PoundWorld  ဆိုင်ဟာ နိုင်ငံတစ်ဝှမ်းဆိုင်ခွဲပေါင်းများ စွာနဲ့အောင်မြင်ကျော်ကြားလှတဲ့ဆိုင်ပါ။ ဒီလိုဆိုင်မျိုးမှာ လာရောက်ဝယ်ူယူသူတွေများပြားနေတာ မဆန်းလှပေ မယ့်လည်း ပရီးမီးယားလိဂ် နာမည်ကျော်ဘောလုံးသမားတစ်ဦးကို တွေ့လိုက်ရတာကတော့ ထူးထူးခြားခြား  ဖြစ်စေတာ အမှန်ပဲဖြစ်ပါတယ်။ သူကတော့ ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီဖြစ်ပြီး တစ်ပတ်ကိုပေါင် (၁၇၀၀၀၀)ရရှိနေတဲ့ သူဖြစ်ပါလျက် လျော့ဈေးနဲ့ ရောင်းတဲ့ဆိုင်မှာ တစ်ပုံတပင်လာဝယ်နေခဲ့တာဖြစ်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *