ဘာစီလိုနာအတွက် ပထမဆုံးဟတ်ထရစ်ကို (၁၃)မိနစ်အတွင်း သွင်းပြခဲ့တဲ့ ဘရာဇီးလ်သားနေမာ

article-2522132-1a09cf5900000578-238_634x422.jpg
Shares 0

ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို အုပ်စုပထမနဲ့ တက်ရောက်နိုင်ဖို့သေချာနေခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အိမ် ကွင်းနူးကမ့်မှာ ဆဲလ်တစ်အသင်းကို ညှာတာခြင်းမရှိဘဲ ဘရာဇီးလ်တိုက်စစ်မှူးနေမာရဲ့ အသင်းအတွက်ပထမ ဆုံးဟတ်ထရစ်ဂိုးများအပါအ၀င် (၆-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ မက်ဆီမပါဝင်နိုင်သလို ဖာဘရီဂတ် စ်ကလည်း ပွဲပယ်ခံထားရတာကြောင့် နေမာက ဦးဆောင်ကစားသွားခဲ့ပြီး အထူးခြေစွမ်းပြကာ ဂိုးဖန်တီးမှုများပြု လုပ်ပေးနိုင်ခဲ့သလို (၁၃)မိနစ်အတွင်း (၃)ဂိုးသွင်းကာ ဘာစီလိုနာအသင်းအတွက် ပထမဆုံးသော ဟတ်ထရစ် ကိုရသွားခဲ့ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု(၅)ပွဲစလုံးမှာ ပါဝင်ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ “ ကျွန်တော့ရဲ့ ဘာစီလိုနာအတွက် ချန်ပီယံလိဂ်မှာ ဟတ်ထရစ်သွင်းနိုင်ခဲ့တာ အရမ်းပျော်ရွှင်မိပါတယ်။ ဖိအားဆို တာကို ကျွန်တော်ခံစားရလေ့မရှိဘူး။ ကစားတဲ့အချိန်တိုင်းမှာ လွတ်လွတ်လပ်လပ်ကစားချင်တာပဲရှိပါတယ်”လို့ ဘရာဇီးလ်သားက ပြောသွားခဲ့ပါတယ်။

ဆဲလ်တစ်ဘက်ကို (၁၃)မိနစ်အတွင်း ဟတ်ထရစ်သွင်းခဲ့တဲ့နေမာရဲ့ ပြောင်မြောက်မှုများက ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာတော့ စတုတ္ထမြောက်အမြန်ဆုံး ဟတ်ထရစ်အဖြစ်ပဲရှိသေးပြီး အမြန်ဆုံးဟတ်ထရစ်ကိ သွင်းယူနိုင် ခဲ့ကာ ယနေ့ထိ စံချိန်တင်ထားသူကတော့ ၂လီယွန်တိုက်စစ်မှူးဂိုမစ်ပဲဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာ(၇)ရက် နေ့က ဒိုင်နမိုဇာဂရတ်အသင်းကို လီယွန်က အဝေးကွင်းမှာ (၁-၇)ဂိုးနဲ့ အနိုင်ရခဲ့ရာမှာ ဂိုမစ်က (၄၅၊၄၈၊ ၅၂) မိနစ်များမှာ ဂိုးတွေသွင်းခဲ့တာကြောင့် (၈)မိနစ်အတွင်း သွင်းခဲ့တဲ့ အမြန်ဆုံးချန်ပီယံလိဂ်ဟတ်ထရစ်အဖြစ် မှတ် တမ်းးဝင်ခဲ့တာ ယနေ့ထိဘယ်သူမှလိုက်မမီနိုင်သေးပါဘူး။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *