မြန်မာ ဗွီဒီယိုဇာတ်ကားများ

DSC01853.JPG
Shares 0

အောင်သွယ်တော်မြားနတ်မယ်

အချစ်ဟာသ ဇာတ်လမ်းလေးဖြစ်ပြီး ကြည့်ရှုသူပရိသတ်တွေကို ပျော်ရွှင်ကြည်နူးစေချင်တဲ့ စိတ်ကူးနဲ့ရိုက်ကူးခဲ့တာပါ။ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်အောင်ရဲလင်း၊ နေဒွေး၊ သက်မွန်မြင့်နဲ့ ဟာသသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ အောင်သီရိဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ဖြန့်ချိပေးမှာဖြစ်ပြီး ပရိသတ်တွေ သဘောကျတဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ။
 
 

တံတိုင်းများကို ဖြတ်ကျော်ခြင်း

မြန်မာဒရမ်မာကား ကြိုက်နှစ်သက်သူ ပရိသတ်တွေအတွက် သဘောကျ ကြိုက်နှစ်သက်ဖွယ် ဇာတ်ကားလေးပါ။ ဒီဇာတ်ကားကိုတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်း ဆဲဗင်းဒေးက ရေးဖွဲ့ပေးကာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ မြင့်မြတ်၊ န၀ရတ်၊ သီရိရှင်းသန့်တို့က ပါဝင်အားဖြည့်ထားပါတယ်။ ဘ၀ပေးဇာတ်လမ်း ကြိုက်နှစ်သက်သူတွေအတွက် ကားကောင်းတစ်ကားဖြစ်ပြီး ငွေလမင်းရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။
 
Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *