၂၀၁၃ ခုနှစ်အတွက် TIME မဂ္ဂဇင်းရဲ့ Person of the Year ဆုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရရှိ

url.jpg
Shares 0

အသက် ၇၆ နှစ်အရွယ် ၂၆၆ဆက်မြောက်ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၁၃ ခုနှစ် တိုင်းမ် မဂ္ဂဇင်းက ပေးအပ်ချီးမြှင့်တဲ့ တစ်နှစ်တာအထင်ရှားဆုံးပုဂ္ဂိုလ် ဆုကို မနေ့ က လက်ခံရရှိခဲ့ပါတယ်။ နှစ်ပေါင်း ၁၃၀၀ အတွင်း ပထမဆုံး ဥရောပတိုက်သားမဟုတ်တဲ့ ပုပ်ရဟန်းမင်း ဖရန်စစ်ဟာ ပုပ်ရဟန်းမင်းကြီးဘွဲ့ ကို ရရှိခဲ့တာ ကိုးလနီးပါးပဲ ရှိပါသေးတယ်။ ဗာတီကန်ပြောရေးဆိုခွင့်ရှိသူ Federico Lombardi က

“ကျွန်တော်တို့ ရဲ့မြင့်မြတ်တဲ့ဖခင်ပုပ်ရဟန်းမင်းကြီးဟာ သူနာမည်ကျော်ထင်ရှားဖို့ နဲ့ ဆုတံဆိပ်တွေရရှိဖို့  အတွက် စိတ်မ၀င်စားပါဘူး။ ဒါပေမယ့်  အခုလို Person of Year ဆုတံဆိပ်ကို ရရှိလိုက်ခြင်းက ဘုရားသခင် ရဲ့ ချစ်ခြင်းမေတ္တာကို လူသားတွေအတွက် ဖြန့် ဝေဖို့ အထောက်အထူပြုလိုက်ပါတယ်။ သူလည်း ဒီအတွက် ၀မ်းမြောက်ပျော်ရွှင်နေမှာ သေချာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ Time မဂ္ဂဇင်းက ပေးအပ်တဲ့ ဒီဆုကို ဖရန်စစ်အပါအ၀င် ပုပ်ရဟန်းမင်းကြီးသုံးပါးရရှိခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၁၉၉၄ ခုနှစ်နဲ့  ဂျွန် (၂၄) – ၁၉၆၂ ခုနှစ်တို့ ဖြစ်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *