စာချုပ်သစ်ချုပ်ရေး ငြင်းဆိုလိုက်တဲ့ ၀ိန်းရူနီရဲ့ အနာဂတ် ဘယ်လဲ . .ဘာလဲ . . .

d.jpg
Shares 0

ဖာဂူဆန် အနားမယူခင်က အသည်းအသန်ဆွေးနွေးခဲ့ရဖူးတဲ့ ၀ိန်းရူနီပြသနာ တစ်စခန်းထလာခဲ့ပြန်ပါပြီ။ လတ်တ လောရလဒ်တွေ မကောင်းလို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ဒေးဗစ်မိုရက်စ်အတွက် နောက်ထပ်ထိုးနှက်ချက်အ ဖြစ် အသင်းရဲ့ အဓိက ကစားသမား ၀ိန်းရူနီဟာ စာချုပ်သစ်ချုပ်ရေးကိစ္စကို ငြင်းဆိုလိုက်ပါပြီတဲ့။ (၂၈)နှစ်အရွယ် တိုက်စစ်မှူးရဲ့ စာချုပ်ဟာ နောက်တစ်နှစ်ဘောလုံးရာသီကုန်ဆုံးချိန်မှာ ပြည့်တော့မှာဖြစ်တဲ့အတွက် မန်ယူဘုတ် အဖွဲ့က စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းခဲ့ကြတာပါ။. ဒါပေမယ့် ကစားသမားနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တို့က ဒီကိစ္စအ ကြောင်းတောင် အပြောမခံဖြစ်နေကြမှတော့ ခက်နေပါပြီ။ အမှန်တော့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကဆိုရင် လည်း ရူနီက စာချုပ်သစ်ချုပ်ဖို့အရေး ငြင်းဆိုထားခဲ့ဖူးပါတယ်။  ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအတွက် အကောင်း ဆုံးကစားပေးနေနိုင်တဲ့ ရူနီကို အသင်းဘုတ်အဖွဲ့က (၄)နှစ်စာချုပ်သစ်ချုပ်ဆိုချင်ပေမယ့် အခုလက်ရှိအခြေအနေ အရဆိုရင် ပရိသတ်တွေ မလိုလားတာမျိုး ဖြစ်သွားနိုင်တဲ့ အနေအထားပါပဲ။

“ အသင်းဘက်ကနေ စာချုပ်သစ်ချုပ်ဖို့ အရေးဆွေးနွေးမှုမှန်သမျှကို ပယ်ချနေတာပါပဲ။ သူ့စာချုပ်ကလည်း ကုန်ဆုံးတော့မယ့်အချိန်နီးနေပြီး ခြေစွမ်းလည်းထက်မြက်လွန်းချိန်ဆိုတော့ သူ့အတွက် အချိန်ကောင်းပဲပေါ့” လို့ မန်ယူအတွင်းလူတစ်ဦးက ပြောခဲ့ပါတယ်။ မန်ယူအတွက် အကြပ်အတည်းဖြစ်နေချိန်ကာလမျိုးမှာ ၀ိန်းရူနီလိုက စားသမားမျိုးကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးခံလို့ မဖြစ်နိုင်ပါဘူး။ အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ သူ့လို ကစားသမားကို ခေါ်ချင်တဲ့အသင်းတွေက ပြည်တွင်းရော ပြည်ပမှာပါ တန်းစီနေတာကြောင့် ၀ိန်းရူနီတောင်းဆို ချက်တွေကို လိုက်လျောပြီး စာချုပ်သစ်ချုပ်လိုက်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *