လူတစ်ယောက်ဆိုတာ ကိုယ်ပြောတဲ့စကားကို တာဝန်ယူမှုရှိကိုရှိရမယ်လို့ ဆိုလိုက်တဲ့ အကယ်ဒမီပြေတီဦး

551445_254154414730761_1888775139_n.jpg
Shares 0

အကယ်ဒမီပြေတီဦးကို အဖြူရောင်ရဲတိုက် ဇာတ်ကားနဲ့ပတ်သက်လို့ We Love Nay Toeအဖွဲ့ရဲ့ ထင်မြင်ယူဆချက်တွေ၊ အထင်လွဲမှုတွေနဲ့ ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တာကတော့ ‘အဖြူရောင်ရဲတိုက် ပရိသတ်ဆိုတာက ဒီမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်အားလုံးမဟုတ်ပါဘူး။ ပရိသတ် အကုန်လုံးကို ကိုယ်စားမပြုပါဘူး။ We Love Nay Toe အဖွဲ့ကနေပဲ ဖြစ်တဲ့ပြဿနာပေါ့။ အမှန်တကယ်တော့ သူတို့မှာလည်း ဖြစ်ပိုင်ခွင့် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ကျွန်တော်တို့ရဲ့အလုပ်သဘောသဘာဝတွေကို ဘယ်လိုမှနားမလည်နိုင်ဘူး။ သူတို့မှာ ထင်မြင်ပိုင်ခွင့် ရှိတယ်၊ ယူဆပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ တကယ်တမ်း တာဝန်ရှိတာကကျတော့ အစ်ကိုတို့ အနုပညာလောကမှာ တကယ်ကျင်လည်နေတဲ့သူတွေပဲလေ။ ဒီကိစ္စမဟုတ်ရင် မဟုတ်ဘူးဆိုတဲ့ အကြောင်းကို သက်ဆိုင်တဲ့ သူက၀င်ပြီးတော့ ဖြေရှင်းပေးသင့်တယ်။ ၀င်သာဖြေရှင်းပေးခဲ့မယ်ဆိုရင် ဒီလောက်ထိဖြစ်လာစရာအကြောင်းကို မရှိဘူး။ ၀င်မဖြေရှင်းပေးတဲ့အတွက်ကြောင့်မို့ ပိုပြီးတော့ ကြီးမားသလိုမျိုးဖြစ်သွားခဲ့တယ်။ အစ်ကိုအနေနဲ့ကတော့ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး။ အစ်ကိုဘက်က သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုပြီး ကြေငြာခဲ့တာလေ။ ကာယကံရှင် ကိုယ်တိုင်က ရှင်းလင်းပွဲပုံစံတော့ မလုပ်ပါနဲ့ ဆိုပြီးတောင်းဆိုလာတဲ့အပိုင်းတွေရှိလာတော့ အစ်ကိုက အားလုံးကို ထောက်ထားငဲ့ညာပြီး ဒီရုပ်ရှင်အစည်းအရုံးမှာပဲ အစည်းအရုံးကလူကြီးတွေကို သက်သေထားပြီးတော့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီးတော့ ဖြေရှင်းပေးခဲ့တယ်။

အဲဒီလိုဖြေရှင်းတဲ့ နေရာမှာလည်း ပါးစပ်နဲ့ဖြေရှင်းတာမဟုတ်ပဲ အချက်အလက် တိတိကျကျ ခိုင်ခိုင်မာမာနဲ့ ကျွန်တော်တို့ ရဲ့ရုပ်ရှင်လောကထဲမှာ ဘယ်လိုပုံစံမျိုးတွေ နဲ့အလုပ်လုပ်ကြရတယ်။ ဘယ်လိုဟာမျိုးတွေရှိတယ်။ ပြီးတော့ ဒီအဖြူရောင်ရဲတိုက်ရုပ်ရှင်ဇာတ်ကားဆိုရင် နေတိုးကိုပေးထားပြီးသားအခန်းစဉ်တွေ အားလုံးကလည်း ပါထားပြီးသားဖြစ်တယ်။ အခန်းတွေ အားလုံးကလည်း မူရင်းဝတ္ထုထဲမှာ ပါထားပြီးသားအကြောင်းအရာတွေပဲဖြစ်တယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာကိုသူကအရင် ရွေးချယ်ခဲ့တာပါ။ သူရွေးချယ်ပြီးလို့ ကျန်တဲ့ဇာတ်ရုပ်ကိုအစ်ကိုက ရိုက်ရတာဖြစ်ပါတယ်။ အခန်းနည်းတယ်၊ များတယ်ဆိုတာကလည်း အစ်ကိုပါတဲ့အခန်းက ဖြုတ်ခံရတာ ပိုတောင်များပါတယ် ဆိုတဲ့အကြောင်းကို အချက်အလက် ခိုင်ခိုင်မာမာတိတိကျကျနဲ့ ရှင်းပြလိုက်တယ်။ ရှင်းပြလိုက်တဲ့ အတွက်ကြောင့် နေတိုးကိုယ်တိုင်ကလည်း သူ့ရဲ့ We Love Nay Toeအဖွဲ့ရဲ့ထင်မြင် ယူဆချက် တွေဟာ လုံးဝမှားပါတယ်။ သူကိုယ်တိုင်လည်း ယုံကြည်ပါတယ်။ လက်ခံပါတယ်။ We Love Nay Toeအဖွဲ့နဲ့ ပတ်သက်တဲ့သူတွေ အားလုံးကိုလည်း သူကိုယ်တိုင် ဖျောင်းဖျပေးပါ့မယ် ဆိုပြီး သူကိုယ်တိုင် ၀န်ခံလက်မှတ်ကိုထိုးပေးသွားပါတယ်။ အဲဒီဝန်ခံစာရွက်လည်း အစ်ကို့ဆီမှာရှိပါတယ်။ ပြီးတော့ အစ်ကိုတို့ တွေ့ဆုံပွဲဖြေရှင်းဆွေးနွေး တဲ့ဟာတွေလည်း ဗီဒီယိုမှတ်တမ်းရိုက်ထားတာ တွေလည်းရှိတယ်။ အစ်ကို့ဘက်ကနေ အချိန်မရွေးချပြလို့ ရတယ်။ ဘာဖြစ်လို့ချမပြတာလဲဆိုတော့  ဒီအနုပညာရှင်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်သွား နိုင်တဲ့အပိုင်းတွေ ရှိတဲ့အတွက် ထောက်ထားငဲ့ညှာသောအားဖြင့် ချမပြတာဖြစ်တယ်။ နောက်ဆုံး အစ်ကို သူတို့ဝန်ခံ လက်မှတ်ထိုးထားပေးတာကို ဖေ့ဘွတ်စ် ပေါ်လည်းတင်မယ်။ ဂျာနယ်တွေ မှာလည်းထည့် မယ်လို့တောင် နေတိုးကိုခွင့်တောင်းထားပြီးသား။ နေတိုးကိုယ်တိုင် ကလည်းသဘောတူထားပြီးသား။

အဲဒါကိုဖေ့ဘွတ်စ် ပေါ်တင်လိုက်တဲ့ အခါမှာ နေတိုးကိုယ်တိုင်က အဲဒီဟာလေးကိုတော့ မတင်ပါနဲ့ ဆိုပြီးတော့ အစ်ကို့ကိုrequestလုပ်တယ်။ အစ်ကို့ ဘက်က ချက်ချင်းကို ပြန်ဖြုတ် ပေးလိုက်တယ်။ သူကိုယ်တိုင် အစ်ကို့ဆီ ဖုန်းဆက်ပြီးပြောတာတော့မဟုတ်ဘူး။ ကိုလူမင်းနဲ့ တစ်ဆင့် ဖြုတ်ပေးဖို့ အကူအညီတောင်းတာပေါ့။ ကိုလူမင်းကိုပြန်ပြောလိုက်တယ်။ အစ်ကိုကိုယ်တိုင်ပြန်ဖြုတ်ပေး ပါ့မယ်လို့ ပြောလိုက်တယ်။ အစ်ကိုပြောတဲ့ စကားတစ်ခုကို အစ်ကိုသည် ယောင်္ကျားတစ်ယောက် ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တာဝန်ယူပြီးတော့ ချက်ချင်းမိနစ်မဆိုင်းပဲနဲ့ကို ဖြုတ်ပေးလိုက်တယ်။ အစ်ကိုတို့က ကိုယ်ပြောတဲ့ စကားတစ်ခွန်းကိုကိုယ်ကိုယ်တိုင် တာဝန်ယူ ရမယ်ဆိုတာ ဒါယောင်္ကျားတစ်ယောက်ရဲ့ တာဝန်ပဲလေဆိုတော့ အစ်ကိုဖြုတ်ပေးလိုက်တယ်။ အစ်ကိုတို့ ဘက်ကနေ ပြီးတော့ သေသေချာချာ အကျယ်တ၀င့် မရှင်းလင်းတော့တာ တစ်ဖက်ကိုသွားပြီး ထိခိုက်နိုင်တဲ့ အကြောင်းကိစ္စ လေးတွေရှိတဲ့အတွက် အခုလိုမျိုး အကျယ်တ၀င့် မလုပ်တော့တာပါ။ ငြိမ်းချမ်းစွာ ပြီးသွားတယ်လို့ပဲအစ်ကိုတို့ ကကြေငြာလိုက်တာပေါ့။ ဘယ်လိုပဲဖြစ် ဖြစ်လေ ၊ လူတစ်ယောက်ဆိုတာ ကိုယ်ပြောခဲ့တဲ့ စကားတစ်ခွန်းကိုတာဝန်ယူမှု ရှိကိုရှိရမယ်။တာဝန် ယူမှုမရှိဘူး ဆိုရင်တော့ ကာယကံရှင် ရဲ့သမိုင်းပဲ ဖြစ်မှာပဲ။  လူအချင်းချင်းမှာပြဿနာရှိတယ် ဆိုတိုင်း စာနယ်ဇင်းရှင်းလင်းပွဲလုပ်ချ လိုက်ရင် သိပ်ကိုရှင်းတယ်။ ထိခိုက်နစ်နာမှာစိုးလို့ကို ကျွန်တော်တို့ မလုပ်ခဲ့တာ။ ကျွန်တော်တို့ဘက်မှာစေတနာပဲရှိတယ်။ အဲဒီအတွက် ကြောင့်မို့လို့ သူနဲ့နောက် ပိုင်းမှာ ဇာတ်ကားတွေရိုက်ဖို့ကြုံလာတယ်ဆိုရင်တော့ အဆင်ပြေရင်ရိုက်သွားမှာပါ’လို့ ပြေတီဦးက ဖွင့်ဟလိုက်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *