ကိုပေဟေဂင်ကို အနိုင်ယူပြီး ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရော်နယ်ဒိုတို့ အသီးသီး စံချိန်သစ်ထူ

1148483-18031497-640-360.jpg
Shares 0

မနေ့ ည အင်္ဂါနေ့ က ကစားခဲ့တဲ့ ကိုပေဟေဂင် အသင်းနဲ့ ရီးယဲလ်မက်ဒရစ် အသင်းတို့ ပွဲစဉ်မှာ ဧည့်သည် ရီးယဲလ်အသင်းက ၀ – ၂ နဲ့ အနိုင်ရရှိပြီး မနှစ်က ဘာစီလိုနာအသင်း တင်ထားတဲ့ ၂၉ ပွဲဆက်တိုက် ချန်ပီယံလိဂ် ဂိုးသွင်းတဲ့စံချိန်ကို ၃၁ ပွဲဆက်တိုက် ဂိုးသွင်းပြီး ချိုးဖျက်ခဲ့ပါတယ်။ ဥရောပချန်ပီယံလိဂ်ကို ကိုးကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ ရီးယဲလ်အသင်းဟာ အုပ်စု B မှာ ရမှတ် ၁၃ မှတ်နဲ့ နောက်တစ်ဆင့်တက်ရောက် ခဲ့ပြီးပေမယ့် ဒီပွဲကို လူစုံထုတ်အနိုင်ကစားသွားခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ရော်နယ်ဒိုကလည်း ဒီပွဲမှာ တစ်ဂိုးထပ်သွင်းခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုပွဲစဉ်သွင်းဂိုး ၉ ဂိုးနဲ့ ၂၀၀၄/၂၀၀၅ ရာသီက ဗန်နစ္စတယ်ရွိုင်း တင်ထားတဲ့ ၈ ဂိုးစံချိန်ကို ထပ်ချိုးခဲ့ပါတယ်။ ဘောလုံးလောကရဲ့ ဂိုးသွင်းဘီလူး၊စံချိန်ချိုးရတာ ၀ါသနာပါတဲ့ ရော်နယ်ဒိုဟာ အခုရာသီ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက်လည်း ရေပန်းစားလျက်ရှိပါတယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်တင်ထားတာကတော့ ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်ဂွန်ဇာလက် က ၇၁ ဂိုး နဲ့ ပါ။ ဒုတိယနေရာမှာ မက်ဆီက ၆၅ ဂိုး ၊ နစ္စတယ်ရွိုင်းက ၆၀ ဂိုး ၊ ရော်နယ်ဒိုက ၆၀ ဂိုးတို့ ဖြစ်ပါတယ်။

အုပ်စု B တခြားပွဲစဉ်ဖြစ်တဲ့ ဂါလာတာစာရေး အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ ပွဲစဉ်ကတော့ ဆိုးရွားတဲ့ရာသီဥတု ကြောင့် ပွဲဖျက်လိုက်ရပြီး  UEFA က ပြန်လည်သတ်မှတ်ပေးတဲ့ရက်မှာ ပြန်လည်ယှဉ်ပြိုင်ရမှာပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *