နာမည်ကြီးတွေရဲ့ ကြောက်စရာ တက်တူး ၁၀ပုံ

2.mark-paul_gosselaar.jpeg
Shares 0

 

လူတိုင်းဟာ မှားတတ်ကြပါတယ်။ ဒီတက်တူးတွေကတော့ နိုင်ငံတကာအမှားပေါ့။ နာမည်ကြီးတွေရဲ့ ပရိသတ်တွေက ကြိုက်လွန်းလို့ဆိုပြီး ဒီတက်တူးတွေကို ထိုးခဲ့ကြတာပါ။ ထိုးပြီးမှ နောင်တရတာမျိုးလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ နာမည်ကြီးတွေရဲ့ ကြောက်လန့်တကြားအဖြစ်ဆုံး တက်တူး ၁၀ပုံကို ကြည့်ပြီး သင်ကိုယ်တိုင် အကဲဖြတ်ကြည့်လိုက်ပါဦး။

Bob Barker

Bob Barker ဟာ The Price Is Right ဆိုတဲ့ ဂိမ်းရှိုးအစီအစဉ်ကို ၁၉၇၂ခုနှစ်ကနေ ၂၀၀၇ခုနှစ်ထိ ကျင်းပပေးခဲ့တဲ့ သူဖြစ်ပါတယ်။ သူဟာ အထင်ကရပုဂ္ဂိုလ်ကျော် တစ်ဦးပါ။ ဒါပေမယ့် ဘာစိတ်ကူးနဲ့များ လက်မောင်းပေါ်တင်ပြီး တက်တူးထိုးထားတာပါလိမ့်။

Mark-Paul Gosselaar

တချို့လူတွေက Save By The Bell ဆိုတဲ့ ရော့ခ်ဂီတအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းတွေကို သိပ်ကြိုက်ကြတယ်။ ဒါကြောင့်မို့လည်း Zack ရဲ့မျက်နှာနဲ့ Zack ရဲ့တီးဝိုင်းနာမည်ဖြစ်တဲ့ Zack Attack ကို ခြေထောက်မှာ တက်တူးတင်ထိုးထားတာပေါ့။ တကယ်လည်း မိုက်ပါတယ်။ ဒီပုံထိုးထားလို့လည်း အပြစ်မမြင်ရက် ပါဘူး။

ဖုတ်ကောင် Urkel

Family Matters ဆိုတဲ့ အမေရိကန်တီဗွီ အစီအစဉ်ဟာ Steve Urkel ဆိုတဲ့ဇာတ်ကောင်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာထက်ကို ပိုပါတယ်။ ဒီတက်တူးထိုးထားတာ Urkelကို မုန်းလွန်းလို့လား၊ ချစ်လွန်းလို့လား ဆိုတာကို မဆုံးဖြတ်တတ်အောင်ပါပဲ။

Jack Black

Jack Blackရဲ့ မျက်နှာထိမျက်နှာထားနဲ့ ဟာသသရုပ်ဆောင်ချက်တွေက သိပ်ကိုရယ်စရာကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုပရိတ်သတ်မျိုးဖြစ်ဖြစ် ဒီလူရဲ့မျက်နှာမျိုးကို ကိုယ်ပေါ်မှာ အမြဲတင်ထားဖို့ဆိုရင် အတော့်ကို စဉ်းစားယူရမှာပါ။ Jack Blackရဲ့မျက်နှာကို တက်တူးတင်ထိုးထားတဲ့ ဒီတစ်ယောက်သောသူ ကတော့ သူ့ပတ်ဝန်းကျင်ကလူတွေအတွက် ဟာသထပ်ဖြစ်နေဦးမှာပါ။

Tupac

ဒီလူ့ရဲ့တက်တူး ထဲမှာ Tupac ရဲ့ပုံက ဇဝေဇ၀ါရုပ်ပေါက်နေပါတယ်။ ဟစ်ပ်ဟော့ပ် ဂီတလောကရဲ့ အာဇာနည်တစ်ယောက်ကို လုပ်ရက်လိုက်လေခြင်းပေါ့။ ဘေးကယှဉ်ပြထားတဲ့ပုံကို ကူးပြီး တက်တူးထိုးထားတာပါပဲ။ ဒါပေမယ့် ပုံထွက်က အရမ်းညံ့နေတယ်။

Britney Spears

Britney Spearsဟာ အဆိုတော်ကောင်းတစ်ယောက်ပါ။ ဒါပေမယ့် လမ်းစပျောက်နေခဲ့တဲ့ ၂နှစ်လောက် အချိန်အတွင်းမှာ သူဟာ သူ့ရဲ့ခေါင်းကို အပြောင်ရိတ်ခဲ့ပါတယ်။ ဒီလိုကံမကောင်းလှတဲ့ အချိန်မျိုးကိုမှရွေးပြီး အမှတ်တရအနေနဲ့ ကိုယ်ပေါ်မှာ တက်တူးထိုးထားတာပါ။ အတင့်ရဲတယ်လို့ပဲ ပြောရမှာပေါ့။

Hulk Hogan

ဒီတက်တူးကတော့ သိပ်ကိုရယ်ချင်စရာကောင်းပြီး Hulk Hogan ရဲ့မုတ်ဆိတ်နဲ့ ဆံပင်ကေကို တစ်ထပ်တည်း ကျအောင် ရေးဆွဲထားတဲ့အတွက် သိပ်ကိုလက်ရာမြောက်ပါတယ်။ Matryoshka dolls လို့ခေါ်တဲ့ ရုရှားနိုင်ငံလုပ် အရုပ်လေးတွေကို သတိသွားရမိတယ်။

Bob Marley

အမျိုးသမီးတစ်ယောက်ဟာ သူရဲ့ကျောတပြင်လုံးမှာ Bob Marley ရဲ့ပုံကို တက်တူးထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘယ်အရာက တိုက်တွန်းနှိုးဆော်လိုက်လို့ ကျောတစ်ပြင်လုံးမှာ တက်တူးအပြည့်ထိုးထားတာပါလိမ့်လို့ အံ့သြမိတယ်။

Napoleon Dynamite

Napoleon Dynamite ဆိုတာ သိပ်ကိုအထင်ကြီးလေးစားစရာကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒါပေမဲ့ သူဟာ ဓါတ်ပုံစားတဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ အရိုးဒီဇိုင်းနဲ့ ဦးခေါင်းခွံပုံ ဒီဇိုင်းဆွဲပြီး တက်တူးထိုးထားတာ ပါလား။

Michael Jackson နဲ့ MaCaulay Culkin

ခုထိပြောခဲ့သမျှ တက်တူးတွေထဲမှာ ဒီတက်တူးက အခြောက်လှန့်နိုင်ဆုံး တက်တူးပါ။ Michael Jackson ရဲ့ပေါင်ပေါ်မှာ MaCaulay တက်ထိုင်နေတဲ့ပုံဟာ တကယ့်ကို ယုတ္တိမရှိပါဘူး။ ဒီလို မဟုတ်ကဟုတ်က တက်တူးတွေရှိလို့လည်း တက်တူးဖျက်ပေးတဲ့ ၀န်ဆောင်မှုတွေ ပေါ်လာတာပေါ့။

အကြံပြုချင်တာကတော့ နာမည်ကြီးတစ်ယောက်ရဲ့ မျက်နှာကို တက်တူးတင်မထိုးပါနဲ့။

Ref:celebs.answers

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *