Kendrick Lamar ရဲ့ Grammy ဆုလျာထားခံရခြင်းဟာ ထိုက်တန်တယ်လို့ဖွင့်ပာလိုက်တဲ့ Game

game.jpg
Shares 0

Game နဲ့ Miguel တို့ဟာ Kendrick Lamar ရဲ့ Grammy ဆို၇ခုလျာထားခံရတဲ့အကြောင်းကို ဆွေးနွေးပြောဆိုပါတယ်။ “ကိုယ့်လူရာ ဒီကောင့်အတွက် ကျွန်တော်အရမ်းဂုဏ်ယူပါတယ်”  လို့ mtv.com မှာပြောထားပါတယ်။ “ဒါကျွန်တော့်သူငယ်ချင်းဗျ။ သူ့အလုပ်ကိုသူလုပ်နေတာ ကြည့်လို့ကောင်းပါတယ်။ သူရမယ့်အရာမှန်သမျှ ထိုက်တန်ပါတယ်။ အရာအားလုံးအတွက် Kendrick ကိုဂုဏ်ပြုပါတယ်။ ဒါအရမ်းလှပတယ်။ ပြီးတော့ Million Dollar Club ကကြိုဆိုပါတယ်။

ဒီဇင်ဘာ ၆ရက် သောကြာနေ့မှာ Kendrick Lamar ဟာသူ့ရဲ့ good kid, m.A.A.d city album နဲ့ ဆု၇ခုလျာထားခြင်းခံရပါတယ်။ အဲဒီ့အထဲမှာ Album of the Year နဲ့ အကောင်းဆုံး တက်သစ်စအနုပညာရှင်ဆုတွေပါဝင်ပါတယ်။

Los Angeles မြို့သား Miguel ကလည်း Kendrick Lamar ကိုချီးကျူးပြောဆိုထားပါတယ်။

“Kendrick Lamar ကသူများတွေသွားတဲ့ခြေလှမ်းအတိုင်း သွားနေတာမဟုတ်ပါဘူး။ သူ့ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာရှိနေတာဖြစ်ပြီး  ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ အောင်မြင်နေတာပါ။

သူ့ရဲ့အကြောင်းပြောပြတဲ့ပုံကိုကျွန်တော် တန်ဖိုးထားပါတယ်။ သူ့အကြောင်းကို သူ့ရဲ့ဂီတကနေတစ်ဆင့်လူတွေသိအောင်လုပ်ခဲ့တာပါ။ ဒါကြောင့်သူအောင်မြင်တာဖြစ်ပါတယ်။ ဒါဟာစစ်မှန်တဲ့အရာဖြစ်ပြီး ဒါဟာ သူနဲ့ပါတ်သတ်ပြီးကျွန်တော်အဓိကတန်ဖိုးထားမြတ်နိုးတဲ့အရာပါ” လို့ Miguel က mtvnews.com ကိုပြောသွားပါတယ်။

Ref:hiphopdx

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *