၂၀၁၃ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားရွှေဘောလုံးဆု နဲ့ ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆု နောက်ဆုံးဆန်ကာတင်သုံးယောက်

348898_heroa.jpg
Shares 0

၂၀၁၄၊ ဇန်န၀ါရီ ၁၃ ရက်မှာ ပေးအပ်ချီးမြှင့်မယ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု အတွက် နောက်ဆုံး သုံးယောက်ကို မနေ့ က ရွေးချယ်လိုက်ပါတယ် ။ အားလုံးမှန်းထားတဲ့အတိုင်း ရော်နယ်ဒို (ရီးယဲလ်) ၊ မက်ဆီ (ဘာစီလိုနာ) နဲ့ ရီဘာရီ (ဘိုင်ယန်မြူးနစ်) တို့ သုံးယောက်ကို ဆန်ကာတင် ၂၃ ယောက်ထဲက ထပ်ရွေးချယ် ခဲ့တာပါ။ ဘာစီလိုနာနဲ့ အသည်းကျော် မက်ဆီက လေးနှစ်ဆက်တိုက် ဒီဆုကို ရရှိထားပေမယ့် ဒီနှစ်အတွက် တော့ ရော်နယ်ဒို က ပိုမိုရေပန်းစားလျက်ရှိပါတယ်။

အကောင်းဆုံးဘောလုံးသမားဆုနဲ့ အပြိုင် တစ်နှစ်တာကမ္ဘာ့အကောင်းဆုံးနည်းပြဆုကိုပါ ပေးအပ်မှာဖြစ်ပြီး အခု နောက်ဆုံး အကောင်းဆုံးနည်းပြဆုအတွက် လျာထားခံရသူတွေကတော့  မန်ယူအသင်းရဲ့ ဂန္တ၀င် နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်၊ ဒေါ့မွန်အသင်းနည်းပြ ဂျာဂန်ကလော့ ၊ ဘိုင်ယန်အသင်းနည်းပြ ဂျက်ပ် ဟေးကင်းစ် တို့ ဖြစ်ပါတယ်။ ဒီဆုကိုရွေးချယ်ချီးမြှင့်တဲ့ပုံစံကတော့ ဖီဖာက အသိအမှတ်ပြုထားတဲ့ နိုင်ငံအသင်း ကပ္ပတိန်တွေနဲ့ နည်းပြချုပ်တွေ၊ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ရွေးချယ်ထားတဲ့ နိုင်ငံတကာမီဒီယာကိုယ်စားလှယ် တွေက မဲပေးဆုံးဖြတ်တာပါ။ ၁၉၅၆ ခုနှစ်က စပေးလာတဲ့ ဒီဆုဟာ ပထမတော့ ဥရောပကစားသမားတွေအတွက် သာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးက ကစားသမားတွေအတွက် ဖြစ်လာပါတယ်။ အခုဆိုရင်တော့ ဖီဖာရဲ့တရားဝင်ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုဖြစ်နေပါပြီ ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *