X-Men ရုပ်ရှင်သစ်

x-men.jpg
Shares 0

X-Men ရုပ်ရှင်သစ် Apocalypse ကို ၂၀၁၆ နွေဦးကာလမှာထုတ်မယ်လို့ တရားဝင်အတည်ပြုလိုက်ပါပြီ။ ဒီ X-Men အဠမတွဲရုပ်ရှင်ရဲ့ဇာတ်လမ်းအကျဉ်းကိုတော့ လျှို့ဝှက်ထားဆဲဖြစ်ပေမယ့် ၁၉၈၆ Marvel comic ထဲမှာပါဝင်တဲ့ ရှေးခေတ် အီဂျစ်ပြည်လူဆိုး Apocalypse ရဲ့ အကြောင်းကိုအခြေခံထားတာဖြစ်တယ်လို့ သိရပါတယ်။

Fox ကဒီကောလဟာလမှန်ကန်ကြောင်းအတည်မပြုသေးခင်မှာ ပထမရုပ်ရှင်ကားနှစ်ကားရဲ့ဒါရိုက်တာ Bryan Singer က Twitter မှာဖောက်သည်ချခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ Twitter post မှာ #Xmen #Apocalypse 2016! လို့ရေးထားတာဖြစ်ပြီး ပရိတ်သတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။

ပထမဆုံး X-Men ရုပ်ရှင်ကို ၂၀၀၀ ခုနှစ်မှာထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုနောက်ဆုံး X-Men ရုပ်ရှင် Days of Future Past ကိုတော့နောက်နှစ် မေလမှာထုတ်မှာဖြစ်ပါတယ်။

Sir Ian McKellen, Sir Patrick Stewart, Hugh Jackman, James McAvoy နဲ့ Jennifer Lawrence တို့ပါဝင်ထားတာဖြစ်ပါတယ်။

Singer က Days of Future Past ကိုရိုက်ကူးနေတာဖြစ်ပြီး Apocalypse ရဲ့သီတင်းအစအနကို တင်ခဲ့တဲ့အတွက် အဲဒီ့ရုပ်ရှင်မှာလဲ သူပဲဒါရိုက်တာလုပ်ဦးမယ်လို့ ယူဆလို့ရပါတယ်။

Ref:theverge

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *