လပေါင်းများစွာဝေးကွာနေခဲ့တဲ့ တင်းနစ်ကွင်းထဲမှာ ကလေးတစ်ယောက်လိုဖြစ်နေခဲ့တယ်ဆိုတဲ့ မာရီယာရှာရာပိုဗာ

d.jpg
Shares 0

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ကစားခဲ့တဲ့ ဆင်ဆင်နက်တီအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ပထမအဆင့်ကနေ ထွက်ခွာခဲ့ရ ပြီးတဲ့နောက်ပိုင်း ညာဖက်ပုခုံးဒဏ်ရာကြောင့် ကာလရှည်ကြာနားနေခဲ့ရတဲ့ ရုရှားတင်းနစ်မယ် မာရီယာရှာရာပို ဗာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုလံဘီယာနိုင်ငံ ဘိုတာဂိုမြို့မှာ ဆားဘီးယားတင်းနစ်မယ် အန်နာအီဗန်နိုဗစ် နဲ့ သရုပ်ပြတင်းနစ်ပွဲတစ်ပွဲကစားသွားခဲ့ပါတယ်။ဒီပွဲမှာ အန်နာအီဗန်နိုဗစ်က နာလန်ထကာစ ရှာရာပိုဗာကို (၆-၁)(၁-၆)(၁၂-၁၀)နဲ့ အနိုင်ကစားသွားခဲ့တာပါ။ ဒီပွဲအပြီးမှာ ရှာရာပိုဗာက “ လတွေအကြာကြီးမကစားပဲနေခဲ့ပြီး  အခုမှ ကွင်းထဲပြန်ဝင်ရတဲ့အခါကျတော့ ကလေးတစ်ယောက်လိုဖြစ်နေတယ်ရှင်။ ဒီလို အရမ်းကစားချင်နေခဲ့ တာကြာပြီလေ။ ကိုလံဘီယာနိုင်ငံကို ကျေးဇူးပါပဲ။ နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြတဲ့အတွက်ပေါ့။ ကျွန်မ မကြာခင်ပြန်ကစားတော့မှာပါ”လို့  ပြောသွားခဲ့ပါတယ်။

အဆိုပါညာဖက်ပုခုံးဒဏ်ရာကြောင့် လက်ရှိကမ္ဘာ့အဆင့်(၄) ရှာရာပိုဗာဟာ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ ကို လွဲချော်သွားခဲ့ရသလို ရာသီပိတ်ပြိုင်ပွဲဖြစ်တဲ့ WTA ချန်ပီယံရှစ်ကိုပါ လွဲခဲ့ရပါသေးတယ်။ သူမအတွက် အ နီးစပ်ဆုံး ပြိုင်ပွဲကတော့ ဒီဇင်ဘာ (၂၉)ကနေ ၂၀၁၄ ၊ ဇန်န၀ါရီ(၅)ရက်အထိ  ကျင်းပပြုလုပ်သွားမယ့်  Brisbane International တင်းနစ်ပြိုင်ပွဲပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ လက်အမျိုးသမီးချန်ပီယံက ဆီရီနာဝီလျံဖြစ် ပြီး အမျိုးသားချန်ပီယံကတော့ အန်ဒီမာရေးဖြစ်ပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *