ဂျာမန်လက်ဝှေ့သမားကို အနားယူသွားအောင် အနိုင်ထိုးမယ်ဆိုပြီး အခုတော့ သူပဲ နားရပြီထင်ပါရဲ့

c.jpg
Shares 0

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့မှာ IBF မစ်ဒယ်လ်ဝိတ်တန်းချန်ပီယံရှစ်လက်ဝှေ့ပွဲအ ဖြစ် လက်ရှိချန်ပီယံ ဗြိတိန်နိုင်ငံသား ဒါရင်းဘက်ကာနဲ့ စိန်ခေါ်သူ ဂျာမန်သား ဖီးလစ်စတာအမ်းတို့ ထိုးသတ်ခဲ့ ကြရာမှာ စိန်ခေါ်သူက (၂)ချီမှာတင် အနိုင်ရရှိသွားခဲ့ပါပြီ။ ဒီပွဲမတိုင်ခင်ကတော့ ဒါရင်းဘက်ကာက သူ့ထက် (၃)နှစ်ပိုကြီးတဲ့ (၃၄)နှစ်အရွယ် ဂျာမန်သားကိုအနိုင်ထိုးမယ်လို့ ဒီလိုပြောခဲ့ဖူးပါတယ်။ “ဒီပွဲက အဟောင်းနဲ့အသစ်တို့ရဲ့ပွဲဆိုတော့ အရေးကြီးတာပေါ့ဗျာ။ ဖီးလစ်ရဲ့ လက်ဝှေ့သ မားဘ၀ကို အဆုံးသတ်ပေးမယ့်သူက ကျွန်တော်ပါ။ နားထောင်ရတော့ ဆိုးမှာပေါ့ဗျာ။ဒါပေမယ့် ကမ္ဘာ့ချန်ပီ ယံတစ်ဦးအနေနဲ့ အကြာကြီးရပ်တည်သွားမှာဖြစ်လို့  ဒီလိုပဲလုပ်ရမှာပဲ။ သူက ချန်ပီယံဘွဲ့ကို (၆)နှစ်လောက် ထိ ထိန်းထားနိုင်ခဲ့တဲ့ ဂရိတ်လက်ဝှေ့သမားဖြစ်လို့ ဘယ်တော့မှလျော့တွက်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကို က အရမ်းကို ယုံကြည်ချက်တွေပြည့်လွန်းနေတယ်။ သူက နှစ်တွေအကြာကြီးထိုးခဲ့တဲ့သူပါ။ ပိုက်ဆံလဲအတော်အ တန်စုမိနေလောက်ရောပေါ့။ အများကြီးလည်း အောင်မြင်ခဲ့ပြီးပြီ။ အနားယူဖို့အချိန်ကျလာပြီလို့ ပြောချင်တာပါ ဗျာ”လို့ ပြောခဲ့သူက အခုတော့ (၂)ချီ မှာတင် တင်ပါးဆုံအဆစ်လွဲသွားခဲ့တာကြောင့် ဆက်မထိုးနိုင်တော့ဘဲ IBF မစ်ဒယ်လ်ဝိတ်တန်းချန်ပီယံရွှေ ခါးပတ်ကို လွဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။

ဒါရင်းဘက်ကာရဲ့ လေ့ကျင့်ရေး မှူးဖြစ်သူ တိုနီစလင်းက “ဒါက တကယ့်ကို ကံဆိုးမိုးမှောင်ကြခဲ့တာပါပဲ။ ဒါရင်းကို ကြိုးဝိုင်းထဲမှာ ဘယ်တော့ မှပြန်မမြင်ရတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ပထမအချီမှာ လက်သီးတစ်ချက်ထိုးပြီးတော့ သူတင်ပါးဆုံနာ လာလို့ ကြိုးဝိုင်းထောင့်ကိုလာပြီး ပြောပါတယ်။ တော်တော်နာနေပြီ။ ကျုပ်တော့သွားပြီထင်တယ်တဲ့။ ဒုတိယ အချီမှာ တစ်ချက်လှမ်းထိုးရင်း ဂလောက်ဆိုအသံကြားလိုက်ရပြီး လဲကျသွားတာ ပြန်ကိုမထနိုင်တော့လို့ ကျွန် တော်ပ၀ါပစ်တင်ပြီး ပွဲရပ်ပစ်လိုက်တာပါ။ သူ့မှာ အရင်ထဲက ဒီပြသနာရှိခဲ့ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီးရင် ဘာတွေဆက်ဖြစ် မလဲစောင့်ကြည့်ကြတာပေါ့”လို့ အခြေအနေကို ပြောပြခဲ့ပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *