လေယာဉ်ပေါ်မှာ တစ်ယောက်တည်း အိပ်ပျော်ကျန်ပြီး ပိတ်မိနေခဲ့

virgin_america_a320_cabin.jpg
Shares 0

လူဝီစီးယားနားကနေ ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာ Tom Wagner ဆိုတဲ့လူဟာ လေယာဉ်ကွင်းရောက်လို့  ခရီးသည်တွေဆင်းသွားတဲ့အထိ နိုးမလာဘဲ အိပ်ပျော်ကျန်နေခဲ့ပါတယ်။ လေယာဉ်ဝန်ထမ်းတွေနဲ့ ခရီးသည် တွေကလည်း သူ့ ကို နှိုးမသွားခဲ့ဘဲ Tom တစ်ယောက် လေယာဉ်ပေါ်မှာ အိပ်ကောင်းကောင်းနဲ့ ကျန်နေခဲ့တာ ပါ။ သူနိုးလာတဲ့အချိန်မှာ လေယာဉ်တစ်ခုလုံးမှောင်မည်းတိတ်ဆိတ်နေပြီး လေယာဉ်တံခါးတွေကလည်း လော့ခ်ကျနေပါတယ်။ ကံကောင်းထောက်မပြီး သူ့ ရဲ့ ဟန်းဖုန်းကတော့ အားမကုန်သေးပါဘူး ။

“ ကျွန်တော်ရည်းစားကိုလှမ်းခေါ်လိုက်တယ်။ သူမက ကျွန်တော်စနေတယ်ထင်နေတာ.နောက်မှ ငါတကယ် လေယာဉ်ပေါ်မှာ ပိတ်မိနေတာဟ လို့ ပြောလိုက်တော့မှ သူစိတ်ပူသွားပြီး လေယာဉ်ကွင်းကို ပြေးလာတော့ တယ်” လို့ ABC News သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အခုလို Tom တစ်ယောက် ပိတ်မိနေတာ လေယာဉ်ဝန်ထမ်းတွေသိပြီးတာတောင်မှ ချက်ချင်းလာမကယ်သေး ဘဲ တစ်နာရီကျော် ကြာနေခဲ့ပါတယ် တဲ့ ။ United Express လေကြောင်းကုမ္ပဏီဟာ ဒီအဖြစ်အပျက်ကို ဖုံးအုပ်ထားဖို့ အတွက် Tom ကို ကယ်ထုတ်ပြီးတာနဲ့ လေဆိပ်နဲ့ အနီးဆုံးဟိုတယ်တစ်ခုမှာ အခန်းဌားပေးခဲ့ပြီး ဒေါ်လာ ၂၅၀ တန် လက်မှတ်တစ်ခု ပေးကာ သူတို့ အပြစ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ တွေမသိအောင်           လို့ လာဘ်ထိုးခဲ့တယ်လို့ Tom က KVEO သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အခု အဲဒီ့လေကြောင်းကုမ္ပဏီ ဟာ ဒီအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုတွေခံနေရပြီး ၊ ဘာကြောင့် Tom တစ်ယောက်တည်း ကျန်နေခဲ့ရလဲဆိုတာ အဖြေရှာနေကြပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *