Black Panties

black_panties.jpg
Shares 0

Black Panties ဟာ R&B အဆိုတော် R. Kelly ရဲ့ ၁၂ ခုမြောက် studio album ဖြစ်ပါတယ်။ ၂၀၁၃ ဒီဇင်ဘာ ၆ ရက်မှာ RCA records ကနေဖြန့်ချီတာဖြစ်ပါတယ်။ Black Panties ဟာ 12 Play album အသစ်ဖြစ်ပါတယ်။ ပြီးတော့ဒါဟာကျွန်တော့်ရဲ့ အရင် Love Letter နဲ့ Write Me Back album တွေနဲ့ကွဲပြားပါတယ်” လို့ Kelly ကပြောပါတယ်။ ဒီ album မှာ ဧည့်သည်အနုပညာရှင်တွေအနေနဲ့ Ludacris, 2 Chainz, Kelly Rowland, Yound Jezzy Fure, Migos နဲ့ Juicy J တို့ပါဝင်ထားပါတယ်။

၂၀၁၃ခုနှစ် အောက်တိုဘာမှာတော့ Kelly ကသူ့ရဲ့ ၁၉၉၃ပွဲဦးထွက် album 12 Play နဲ့ဆင်တူတဲ့ album မျိုးထုတ်ချင်တဲ့အကြောင်း Rolling Stone မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာပြောပါတယ်။ ကျွန်တော် ဂီတအမျိုးအစားအားလုံးကိုတီးခတ်နိုင်တာကို နှစ်သက်ပါတယ်။ “ကျွန်တော် Love Letter နဲ့ Write Me Black တွေကိုတီးခတ်ခဲ့ပြီး ဒါတွေဟာကျွန်တော့်အတွက် ဖန်တီးရတာပျော်စရာကောင်းတဲ့ album တွေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကကျွန်တော်နှစ်သက်တဲ့ ဂီတဆီကို ပြန်သယ်ဆောင်သွားလို့ပေါ့။ ဒါပေမယ့် ကျွန်တော် album အသစ်အတွက် လမ်းကြောင်းပြောင်းချင်ခဲ့ပြီး ကျွန်တော်လုပ်နိုင်တဲ့ TP-2.com နဲ့ 12 Play ဂီတ style မျိုးတွေကို ပရိတ်သတ်တွေကို အမှတ်ရစေချင်လို့ပါ။ Kellz ဂီတပေါ့။ ကျွန်တော်လမ်းကြောင်းပြောင်းနိုင်ပြီး ဂီတအမျိုးအစားပေါင်းစုံလုပ်ရတာနှစ်သက်တယ်။ R. Kelly ကဒါတွေပဲထပ်လုပ်နေတာလို့ ပရိတ်သတ်တွေမစွပ်စွဲနိုင်တော့ဘူးပေါ့။ ကျွန်တော်အမြဲတမ်းရောနှောနေတာပါ” လို့ပြောပါတယ်။ ၂၀၁၃ ဒီဇင်ဘာ Billboard နဲ့ အင်တာဗျူးမှာတော့ ဒီ album ကိုနာမည်ပေးဖြစ်ခဲ့ပုံကိုပြောပါတယ်။ “ကျွန်တော် Love Letter နယ်လှည့်ဖျော်ဖြေပွဲတုန်းက စင်ပေါ်မှာ Seem Like You Ready ကိုဆိုပါတယ်။ ကျွန်တော်ဆိုတဲ့အခါတိုင်း နေရာအနှံ့မှာ အတွင်းခံဘောင်းဘီတွေပျံဝဲနေတာပဲ။ တကယ်ပါ။ ဒါပေမယ့် ညတစ်ညမှာတော့ medium size အချို့ကောင်းကင်က ကျလာပါတယ်။ အနက်ရောင်တွေဖြစ်ပြီးတော့ ကျွန်တော့်လက်ကောက်ဝတ်ပေါ်လာချိတ်နေတယ်။ ကျွန်တော်ချက်ခြင်းပဲကြည့်လိုက်ပြီး “ဒါဟာနမိတ်ပဲ” လို့တွေးမိလိုက်ပါတယ်။ အဲဒီ့စိတ်ကူးကို ကျွန်တော် ငြိခဲ့တာပါ” လို့ပြောပါတယ်။

ဒီအခွေမှာပါဝင်မယ့် သီချင်းတွေကတော့

၁။ Legs Shakin (featuring Ludacris)

၂။ Cookie

၃။ Throw This Money on You

၎။ Prelude

၅။ Marry the Pussy

၆။ You Deserve Better

၇။ Genius

၈။ All the Way (featuring Kelly Rowland)

၉။ My Story (featuring 2 Chainz)

၁၀။ Right Back

၁၁။ Spend That (featuring Young Jezzy)

၁၂။ Crazy Sex

၁၃။ Shut Up တို့ဖြစ်ပါတယ်။

Ref:wikipedia

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *