မနှစ်ကတော့ အမှတ်ပေးချန်ပီယံအသင်း၊ ဒီနှစ်တော့ တန်းဆင်းသွားရတဲ့အသင်း၊ အဲဒါဘယ်အသင်းလဲ

a2.jpg
Shares 0

နိုင်ငံတကာ ဘောလုံးလောကမှာ ဖြစ်တောင့်ဖြစ်ခဲလို့ တင်စားပြောဆိုနိုင်တဲ့ ဖြစ်ရပ်တွေအများကြီးရှိတဲ့အထဲမှာ ယနေ့နံနက် (၁း၃၀)က ကစားသွားခဲ့တဲ့ ဘရာဇီးလ်လိဂ်နောက်ဆုံးပွဲစဉ်အပြီး ပေါ်ပေါက်လာခဲ့တဲ့ဖြစ်ရပ်က တော့ တကယ့်ကို ကြုံတောင့်ကြုံခဲလို့ ဆိုရပါတော့မယ်။ ဘရာဇီးလ်လိဂ်နောက်ဆုံးပွဲစဉ်အပြီးမှာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ဘရာဇီးပထမတန်း စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ ဖလူမင်နိစ်အသင်းဟာ စုစုပေါင်းရမှတ်(၄၆) မှတ်နဲ့ အဆင့်(၁၇)နေရာမှာသာ ရပ်တည်နိုင်ခဲ့ကာ စီးရီးဘီကိုတန်းဆင်းသွားခဲ့ရပါပြီ။ ဘရာဇီးလ်လိဂ်မှာက တစ်နှစ်ကို အတက်အဆင်း(၄)သင်းရှိတာကြောင့် အဆင့်(၁၇)ရခဲ့ပေမယ့် တန်းဆင်းသွားခဲ့ရတာဖြစ်ပါတယ်။  ဒါကြောင့်လာမယ့်နှစ်မှာဆိုရင် ဖလူမင်နိစ်အသင်းက စီးရီးဘီမှာ ဗာစကိုဒဂါးမားအသင်းနဲ့အတူ တန်းဆင်းက စားရတော့မှာဖြစ်ပါတယ်။ ဖလူမင်းနိစ်အသင်းရဲ့ ယခုဖြစ်ရပ်ဟာ ဘရာဇီးလိဂ်မှာတော့ ပထမဆုံးသောဖြစ်ရပ် အဖြစ် မှတ်တမ်းဝင်ခဲ့ရပါပြီ။

ဗာစကိုဒဂါးမားဆိုရင်လည်း အဝေးကွင်းမှာ အသလက်တီကို PR အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ကွင်းအတွင်းမှာ ပရိသတ်တွေ သောင်းကျန်းခဲ့ကြတာကြောင့် အသေအပျောက်ရှိခဲ့တဲ့အထိ အခြေအနေတွေဆိုးဝါးခဲ့ကြတာတွေ့ ရပါတယ်။ ပရိသတ်တွေချင်းတိုက်ခိုက်ခဲ့ကြမှုတွေဟာ ပြင်းထန်လွန်းခဲ့တာကြောင့် ရာဘာကျည်ဆန်တွေနဲ့ပစ် ခတ်နှိမ်နင်းကာ ဒဏ်ရာရရှိသူများကို အတင်းဆွဲထုတ်ခဲ့ရပါတယ်။ တစ်ချိန်က ဘရာဇီးလ်လိဂ်မှာ ထိပ်သီးစာရင်း ၀င်ခဲ့တဲ့ ဗာစကိုဒဂါးမားရဲ့ ဇာတ်သိမ်းကတော့ အတော့ကို ရုပ်ဆိုးခဲ့ရပါပြီ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *