တစ်နေကုန်ခံမယ့်မိတ်ကပ်ကို ဘယ်လိုလိမ်းခြယ်ရမလဲ

girl-girly-korean-kpop-laneige-make-up-favim.com-83976.jpg
Shares 0

တကယ်တမ်းတွက်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေဟာ သူတို့ဘ၀ရဲ့အချိန် ထဲက (၁၅)လလောက်ကို အလှပြင်တဲ့နေရာမှာ သုံးနေကြပါတယ်။ ဒီတော့ ဘယ်ရာသီဥတု မျိုးနဲ့မဆိုသင့်တော်မယ့် အခြေခံ မိတ်ကပ်ပစည်း (၄)မျိုးကို ဖော်ပြပေးချင်ပါတယ်။

(၁)     ရေစိုခံ မျက်တောင်ကော့ဆေးတွေဟာ (၂၄)နာရီလုံး တာရှည်ခံပြီး ညစ်ပတ်ပေကျံ စေခြင်းမရှိပါဘူး။ မိုးရွာရင်ပဲဖြစ်ဖြစ် ၊ ချွေးထွက်ရင်ပဲဖြစ်ဖြစ် ၊ ငိုရင်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ များသောအားဖြင့် အနက်နဲ့ အညိုရောင်မျိုး ထုတ်ထားပါတယ်။

(၂)     တစ်နေ့လုံးစာသုံးသင့်တဲ့ နှုတ်ခမ်းနီအရည်တွေကို ရွေးချယ်ပါ။ အရောင်အမျိုးမျိုး ရှိပြီးတော့ ပန်းနုရောင်ကနေ အနီရောင်ဘက်ထိ ရှိပါတယ်။ အသွင်အပြင်ကတော့ အနှစ်များပြီး နှုတ်ခမ်းပေါ်မှာ မတင်ထားသလိုပါပဲ ။ စားပြီးချိန် ၊ သောက်ပြီးချိန် တွေမှာတောင် အရောင်လျော့မသွားပါဘူး။

(၃)     ရေစိုခံ တာရှည်ခံ အိုင်းလိုင်နာတွေပါ ။ အရောင်ခုနစ်မျိုးလာပြီး ခရမ်းရောင်တောက် တောက်၊ အပြာ ၊ ငွေရောင်၊ အညို နဲ့ အနက်တွေ အသုံးများပါတယ်။ ဆေးမပျံ့စေတဲ့ နည်းပညာနဲ့ ထုတ်လုပ်ထားလို့ တစ်နေ့လုံး အစွန်းအထင်မရှိစေဘဲ တာရှည်ခံပါတယ်။

(၄)     ရေဒဏ်ကိုခံနိုင်ပြီး အစိုဓါတ်အနည်းငယ်ပါတဲ့ ပေါင်ဒါအခြောက်မှုန့်တွေပါပဲ။ အန်တီအောက်ဆီးဒင့်ပါဝင်မှုများတဲ့ မိတ်ကပ်ရည်တွေကလဲ တာရှည်ခံမှု ၊ ချောမွေ့မှု တို့ကိုပေးစွမ်းနိုင်ပါတယ်။

ဒီမိတ်ကပ်ပစည်း(၄)မျိုးကို ဦးစားပေးရွေးချယ်မယ်ဆိုရင်တော့ အိမ်က ထွက်ကတည်းက ပြင်ထားတဲ့အတိုင်း တစ်နေ့တာလုံး လန်းဆန်း လှပနေမှာ သေချာပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *