2PMရဲ့ Taecyeon တစ်ယောက် ၂၀၁၆တွင် စစ်မှုထမ်းရန်စီစဉ်

taecyeon.jpg
Shares 0

အသက် (၂၄)နှစ်ရှိပြီဖြစ်တဲ့ K-Pop အဆိုတော်နဲ့သရုပ်ဆောင် တစ်ဦးဖြစ်သူ Taecyeon တစ်ယောက် တောင်ကိုရီးယားစစ်တပ်မှာ စစ်မှုထမ်းဖို့အတွက် စာရင်းပေးဖို့စီစဉ်နေကြောင်းကို သူပါဝင်သရုပ်ဆောင်ထားတဲ့ “The Human Condition” ဆိုတဲ့ ဇာတ်ကား လာမယ့်စနေနေ့မှာ စတင်ထုတ်လွှင့်မှာဖြစ်ကြောင်း ကြေငြာပွဲတွင် တစ်ဆက်တည်းကြေငြာသွားပါတယ်။

ဒါပေမယ့် 2PM ရဲ့ fans တွေအနေနဲ့ စိတ်ပူစရာမလိုပါဘူး။ သူ့အနေနဲ့ သူ့အဖွဲ့ကို ကောင်းကောင်းလေ့ကျင့်ပေးသွားဖို့ အချိန်တစ်နှစ်လောက် ရပါသေးတယ်။

“2PM နဲ့ စီစဉ်ထားတဲ့အစီအစဉ်တွေအားလုံး ၂၀၁၅လောက်မှာ ပြီးသွားတဲ့အခါ ကျွန်တော် စစ်တပ်ကို စာရင်းပေးမှာပါ” လို့ သူကပြောပါတယ်။

တောင်ကိုရီးယားနဲ့ အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်း အမျိုးသားတိုင်းဟာ ပျှမ်းမျှအားဖြင့် ၂၁လမှ ၂၄လအထိ စစ်မှုထမ်းကြရပါတယ်။

Taecyeon ကို တောင်ကိုရီးယားမှာ မွေးဖွားခဲ့ပြီးနောက် Bedford မှာ ခုနစ်နှစ်ကြာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံသားတစ်ဦးအဖြစ် အမြဲတမ်းနေထိုင်ခွင့် ဗီဇာ ရရှိထားသူဖြစ်ပေမယ့် စစ်တပ်တွင် ပါဝင်စစ်မှုထမ်းနိုင်ရေးအတွက် အဲဒီဗီဇာကို ၂၀၁၀ခုနှစ်မှ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

“ကျွန်တော့်ရဲ့မိဘတွေ၊ ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်တွေအားလုံးနဲ့ အေဂျင်စီကရော ကျွန်တော့ကို ဒီလိုမလုပ်ဖို့ဝိုင်းတားကြပါသေးတယ်”လို့ ပြောသွားပါတယ်။ “သူတို့က မေးကြတယ်၊ လွယ်လွယ်ကူကူ ဖြစ်နေတဲ့ကိစ္စကို ဘာကြောင့်များ ခက်ခက်ခဲခဲလုပ်ချင်ရတာလဲပေါ့။ ကျွန်တော့် စိတ်ကဒီနည်းလမ်းကို ရွေးချယ်ချင်လို့ပါ” လို့လည်း ထပ်ပြောသွားပါသေးတယ်။

Ref:kpopstarz

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *