အကောင်းဆုံးကိုရွေးချယ်နိုင်ဖို့၂၀၁၃ခုနှစ်ရဲ့အကောင်းဆုံး Laptop တွေ

Shares 0

၂၀၁၃ခုနှစ်ထုတ် မျက်နှာပြင်အကျယ် ၁၃လက်မရှိတဲ့ MacBook Air ဟာ သုံးရတာ စိတ်ချမ်းသာတဲ့အတွက် အကောင်းတကာ့အကောင်းဆုံး Laptop လို့ပြောရမှာပါပဲ။ ဒီနေ့ခေတ်မှာ အရမ်းပါးပြီး၊ အရမ်းပေါ့တဲ့ notebooks တွေ ဒါဇင်နဲ့ချီပြီး ရှိပါတယ်။ ဒါပေမယ့် MacBook Air ဟာ ၀ဒသမ၆၈ လက်မအထူသာရှိပြီး ၃ပေါင်ပဲ လေးပါတယ်။

Shares 0
1.mac book air.jpg
Shares 0

၁။ အကောင်းတကာ့အကောင်းဆုံး Laptop : MacBook Air (၁၃လက်မ)

၂၀၁၃ခုနှစ်ထုတ် မျက်နှာပြင်အကျယ် ၁၃လက်မရှိတဲ့ MacBook Air ဟာ သုံးရတာ စိတ်ချမ်းသာတဲ့အတွက် အကောင်းတကာ့အကောင်းဆုံး Laptop လို့ပြောရမှာပါပဲ။ ဒီနေ့ခေတ်မှာ အရမ်းပါးပြီး၊ အရမ်းပေါ့တဲ့ notebooks တွေ ဒါဇင်နဲ့ချီပြီး ရှိပါတယ်။ ဒါပေမယ့် MacBook Air ဟာ ၀ဒသမ၆၈ လက်မအထူသာရှိပြီး ၃ပေါင်ပဲ လေးပါတယ်။ တုံ့ပြန်မှုအားကောင်းတဲ့ကီးဘုတ်၊ ပိုကောင်းတဲ့ touchpad၊ အထင်ကရဖြစ်တဲ့ဒီဇိုင်း စတာတွေကြောင့်မျက်နှာပြင်အကျယ် ၁၃လက်မရှိတဲ့ Mac Book Air ဟာ ပြောင်မြောက်လှပါတယ်။ ဘက်ထရီကလည်း ၉နာရီခွဲလောက် အသုံးခံပါတယ်။ 

အနိမ့်ဆုံးဈေး –   ကန်ဒေါ်လာ ၁၀၉၉ ဒေါ်လာ။

၂။ အကောင်းဆုံး Ultrabook :Lenovo ThinkPadX1 Carbon

လုပ်ငန်းသုံး Laptop တွေထဲမှာ Lenovo ThinkPad ဟာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ အဆင့်အတန်းမီ အကောင်းဆုံးဖြစ်တဲ့ကီးဘုတ်၊ မှန်ကန်တိကျတဲ့ point stick၊ လုံခြုံရေးကောင်းမွန်မှု၊ တာရှည်ခံတဲ့ဒီဇိုင်း စတာတွေကြောင့်လို့ပဲ ပြောရမှာပါ။ 1600×900 display နဲ့အတူ လက်ဖ၀ါးထိတဲ့နေရာမှာ နူးညံ့ပြီး ဇိမ်ရှိလှပါတယ်။ ဘက်ထရီကလဲ ၈နာရီကြာ အသုံးခံတဲ့အတွက် အလုပ်လုပ်လို့အကောင်းဆုံး Laptop ပါပဲ။ 

၃။ အကောင်းဆုံး ချွေတာရေး Laptop : Dell Latitude 3330

Dell Latitude 3330 ဟာ မျက်နှာပြင်၁၃လက်မရှိပြီး စီးပွားရေးလုပ်ငန်းသမားတွေအတွက် ရည်ရွယ်ပြီးထုတ်ထားတာ ဖြစ်ပုံရပါတယ်။ Dell ဟာသုံးစွဲသူတွေကို အဆင်ပြေစေအောင် အစဉ်တစိုက် လေ့လာသုံးသပ်ခဲ့ပြီး Laptop တည်ဆောက်ရေး အပိုင်းမှာလည်း အများထက်သာတဲ့ အတွက် ၀ယ်သူစိတ်ကြိုက် ဖြစ်စေမှာပါပဲ။ စရိတ်ကိုချွေတာပြီး ထုတ်လုပ်ထားတယ်ဆိုပေမယ့် အားကောင်းလှတဲ့ အာရုံခံအပိုင်း၊ တိကျမှန်ကန်တဲ့ touchpad၊ မြင်ကွင်းကျယ် ကာလာစုံ display စတာတွေကိုရမှာပါ။ Intel Celeron processor, Core i3 CPU နဲ့ မြန်နှုန်းမြင့် hard drive ကိုလည်း တပ်ဆင်ပေးထားပါတယ်။ 

အနိမ့်ဆုံးဈေး  –  ကန်ဒေါ်လာ ၄၁၉ ဒေါ်လာ။ 

၎။ အကောင်းဆုံး Gaming Laptop : Alienware 17

Gaming Laptop တွေထဲမှာ ရွှေရောင်အဆင့်ရှိပြီး  Nvidia GTX 780M graphic နဲ့ 4th Generation Core i7 CPU (2.7-GHz) ကိုတပ်ဆင်ထားပေးပါတယ်။ 

အနိမ့်ဆုံးဈေး  –  ကန်ဒေါ်လာ ၁၄၉၉ ဒေါ်လာ။ 

၅။ အကောင်းဆုံး ဘက်စုံ မီဒီယာသုံး Laptop : Lenovo IdeaPad Y510p

မျက်နှာပြင်အကျယ် ၁၅ဒသမ၆ ရှိတဲ့ LenoboIdeaPad Y510p ဟာ 1080 p screen ဖြစ်တဲ့အတွက် ဂိမ်းဆော့ဖို့၊ ရုပ်ရှင်ကြည့်ဖို့ ကောင်းလှပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အနီရောင်မီး အောက်ခံကီးဘုတ်နဲ့ စွမ်းဆောင်ရည် အမျိုးမျိုးကိုလည်း တွေ့ရမှာပါ။ quad-core 4th Generation Intel Core i7 CPUeJY Nvidia GeForce GT750M graphic ကို ထည့်သွင်း တည်ဆောက်ပေးထားပါတယ်။ 

အနိမ့်ဆုံးဈေး  –  ကန်ဒေါ်လာ ၁၀၉၉ ဒေါ်လာ။ 

(Ref:Laptopmag)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *