မန်ဒဲလားရဲ့နှလုံးသားကို လူမျိုးရေးခွဲခြားမှု၊ ချမ်းသားကြွယ်ဝမှု၊ အကျဉ်းထောင်၊ အမုန်းတရား၊ လက်စားချေမှု တွေ မထိုးဖောက်နိုင်ခဲ့ပါဘူးလို့ ပြောလာခဲ့တဲ့ မိုဟာမက်အလီ

5121712-3x2-940x627.jpg
Shares 0

တစ်ခေတ်တစ်ခါက ပြိုင်စံရှားခဲ့တဲ့ လက်ဝှေ့သမားကြီး မိုဟာမက်အလီဟာ တောင်အာဖရိက သမ္မတဟောင်း နဲလ်ဆင်မန်ဒဲလားနဲ့ တောင်အာဖရိကနိုင်ငံမှာတစ်ကြိမ်၊ မြောက်အမေရိကမှာ တစ်ကြိမ် တွေ့ဆုံခဲ့ဖူးသူဖြစ်ပါ တယ်။ အခုအချိန်လို မန်ဒဲလားကွယ်လွန်သွားခဲ့လို့ အသိုင်းအ၀န်းအသီးသီးက ၀မ်းနည်းစကား၊ ဂုဏ်ပြုစကား တွေပြောနေကြသလို ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းကလည်း တောင်အာဖရိကနိုင်ငံသား ရှားရှားပါးပါး သူ ရဲကောင်းအတွက် အခုလိုအမှတ်တရ စကားတွေပြောလာခဲ့ပါပြီ။ “ ကျွန်တော်အမှတ်ရဆုံးဖြစ်နေမှာကတော့ သူရဲ့နှလုံးသားနဲ့ ၀ိညာဉ်ပါပဲ။ လူမျိုးရေးခွဲခြားမှု၊ ချမ်းသားကြွယ်ဝမှု၊ အကျဉ်းထောင်၊ အမုန်းတရား၊ လက်စားချေမှု တွေ မထိုးဖောက်နိုင်ခဲ့ပါဘူး။ ခွင့်လွတ်မှုရဲ့ အရေးကြီးပုံကိုလည်း သင်ကြားပေးခဲ့တယ်။ ဘယ်လိုမှမဖြစ်နိုင်ပါဘူးလို့ ထင်ထားခဲ့တာတွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲဆိုတာကို ပြ သခဲ့တယ်။ ကျွန်တော်တို့တွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း၊ လူမှုရေးပိုင်းနဲ့ စီးပွားရေးပိုင်းတွေမှာ ပိတ် လှောင်ထားတဲ့ အတားအဆီးတွေကို ထိုးဖောက်နိုင်ဖို့ လမ်းညွှန်ပေးခဲ့တယ်”လို့ မိုဟာမက်အလီက အမှတ် တရစကားပြောသွားခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *