Bullet for My Valentine

bullet_for_my_valentine.jpg
Shares 0

Bullet for My Valentine ဟာ ဝေလပြည် Bridgend မြို့ မှာ ၁၉၉၈ ကစတင်ဖွဲ့စည်းခဲ့တဲ့ Heavy Metal ၀ိုင်းတစ်ဝိုင်းဖြစ်ပါတယ်။ ပါဝင်တဲ့အဖွဲ့ဝင်တွေကတော့ Mattew Tuck (အဆိုနဲ့ rhythm ဂစ်တာ)၊ Michael Paget (lead ဂစ်တာနဲ့ နောက်ခံအဆို)၊ Jason James (bass နဲ့နောက်ခံအဆို) Michael Thomas (drums) တို့ဖြစ်ကြပါတယ်။ သူတို့အဖွဲ့ဟာ Jeff Killed John ဆိုတဲ့နာမည်နဲ့စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး Metallica နဲ့ Nirvana သီချင်းတွေကို cover ပြန်ဆိုပြီး စတင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ Jeff Killed John ဟာမထုတ်ဖြစ်ခဲ့တဲ့ သီချင်း ၆ပုဒ်ကို အသံသွင်းခဲ့တာဖြစ်ပြီး နောက်ပိုင်း Bullet for My Valentine ဖြစ်လာမှ အဲဒီ့ထဲက နှစ်ပုဒ်ကို အသံပြန်သွင်းခဲ့တာဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ငွေကြေးပြသနာတွေကြောင့် နာမည်ပြောင်းခဲ့ရသလို ဂီတပိုင်းဆိုင်ရာလမ်းကြောင်းလဲပြောင်းလဲခဲ့ရပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ Sony BMG ထုတ်လုပ်ရေးနဲ့ album ၅ခုထုတ်ဖို့သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

သူတို့ဝိုင်းရဲ့ ဂီတဟန်ဟာ Metallica, Iron Maiden နဲ့ Slayer တို့လို ဂန္တ၀င် metal ၀ိုင်းတွေရဲ့လွှမ်းမိုးမှုရှိတယ်လို့ သူတို့ကိုယ်တိုင်ပြောကြားခဲ့ပါတယ်။ သူတို့ဝိုင်းရဲ့ ဂီတကို ဝေဖန်ရေးသမားတွေက heavy metal နဲ့ metalcore လို့ပြောကြပါတယ်။ ရှေ့ထွက်လူ Matt Tuck ကတော့ သူ့ရဲ့သီချင်းရေးဟန်ကို Bruce Springsteen, Bob Seger နဲ့ Bob Dylan တို့ကလွှမ်းမိုးမှုရှိတယ်လို့ဆိုပါတယ်။ “ဒီဝိုင်းတွေဟာသင့်တော်တဲ့ old school သီချင်းရေးဆရာတွေပါ” လို့ အင်တာဗျူးတစ်ခုမှာပြောပါတယ်။

ကျွန်တော်တို့ဟာ metal လွှမ်းမိုးမှုရှိတဲ့ hard rock ၀ိုင်းတစ်ဝိုင်းပါ။ ကျွန်တော်တို့စလုပ်တဲ့နေ့ကတည်းက ဒါကို ပြောခဲ့တာပါ” လို့ Matt Tuck ကပြောပါတယ်။

Jeff Killed John နာမည်နဲ့တုန်းက Better Off Alone (၁၉၉၉ EP),  Eye Spy (၂၀၀၂ demo),You/Phony (၂၀၀၂ demo), Don’t Walk Away (၂၀၀၃ EP), Jeff Killed John (၂၀၀၄ EP) တို့ကိုကိုယ်တိုင်ထုတ်လုပ်ခဲ့ပါတယ်။

Bullet for My Valentine နာမည်အောက်မှာတော့ studio album တွေဖြစ်တဲ့ The Poison (၂၀၀၅), Scream Aim Fire (၂၀၀၈), Fever (၂၀၁၀), Temper Temper (၂၀၁၃) တို့ကိုထုတ်ခဲ့ပါတယ်။ EP တွေအနေနဲ့ Bullet for My Valentine (၂၀၀၄), Hand of Blood (၂၀၀၅), Hand of Blood: Live at Brixton (၂၀၀၆), Rare Cuts (၂၀၀၇)တို့ကိုထုတ်ခဲ့ပါတယ်။ DVD ကတော့ The Poison: Live at Brixton (၂၀၀၆) ပါ။ MTV တွေကတော့ Hand of Blood, 4 Words (To Choke Upon), Cries In Vain, Suffocation Under Words of Sorrow (What Can I Do), All These Things I Hate (Revolve Around Me), Tears Don’t Fall, Scream Aim Fire, Hearts Burst Into Fire, Waking the Demon, The Last Fight, Your Betrayal, Bittersweet Memories, Temper Temper, Riot, P.O.W, Breaking Point, Raising Hell တို့ဖြစ်ပါတယ်။

Tribute Album အနေနဲ့ကတော့ Bullet For My Valentine String Tribute (၂၀၀၈) ရှိပါတယ်။

Bullet for My Valentine ဟာလက်တလောအနေနဲ့ Raising Hell Single ထုတ်ထားတာဖြစ်ပြီး အဲဒီ့ single နဲ့ပါသတ်လို့အဆိုတော် Matt Tuck က “Raising Hell ဟာ Bullet ရဲ့နောက်အခန်းသစ်ကို ပိုမိုပြင်းထန်တဲ့ thash metal စတိုင်လ်ထဲသယ်ဆောင်သွားပေးမယ့် သီချင်းကောင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ single ရဲ့ ရလဒ်နဲ့ပါတ်သတ်ပြီး တော်တော်လေးပျော်ပါတယ်။ အထူးသဖြင့် ကိုယ်တိုင်ထုတ်လုပ်တဲ့ အခွေဖြစ်နေတာကြောင့်ပါ။ ပြီးတော့နောက် album စဖို့အတွက်မစောင့်နိုင်တော့ပါဘူး။  ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီး heavy ဖြစ်တဲ့ဟာမျိုးပြန်လုပ်ရတာ အရမ်းမိုက်ပါတယ်။ စောင့်ကြည့်ကြပါ” လို့ပြောသွားပါတယ်။

Ref:Wikipedia, metalhammer

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *