ချဲလ်ဆီးနဲ့မှတ်တမ်းမကောင်းခဲ့ပေမယ့်လည်း ဒီနေ့ညပွဲမှာ ဒုက္ခပေးနိုင်ဖို့ပြင်ဆင်ထားတဲ့ စတုတ်နည်းပြမာ့ခ်ဟုခ်ျ

west-ham-united-v-stoke-city-premier-league-2241423.jpg
Shares 0

ယနေ့ည ကစားဖို့ရှိနေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၅)မှာ တစ်ပွဲအပါအ၀င်ဖြစ်တဲ့  စတုတ်စီးတီး-ချဲလ်ဆီးပွဲမှာဆို ရင် အစဉ်အလာသမိုင်းကြောင်းတွေအရကြည့်လိုက်မယ်ဆိုရင် အိမ်ရှင်အဖြစ် လက်ခံကစားပေးမယ့် စတုတ်စီး တီးအသင်းဟာ ချဲလ်ဆီးကို မနိုင်ခဲ့တာ ၁၉၇၅ခုနှစ်ကတည်းကဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ကစားခဲ့တဲ့(၁၀)ပွဲမှာ စတုတ်စီးတီးဟာ ချဲလ်ဆီးဆီက (၂)မှတ်ပဲယူနိုင်ခဲ့တယ်။ နောက်ဆုံးတွေ့ဆုံခဲ့ရာမှာဆိုရင် လည်း လေးဂိုးပြတ်ရှုံးခဲ့တဲ့အထိ ရလဒ်တွေဆိုးခဲ့ပေမယ့် စတုတ်စီးတီးနည်းပြ မာ့ခ်ဟုခ်ျကတော့ အားလုံးကို ပြောင်းပြန်လှန်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားဟန်တူပါတယ်။

“ အရိုးသားဆုံးပြောရရင် ကျွန်တော်တို့အသင်းရဲ့ ချဲလ်ဆီးနဲ့ မှတ်တမ်းက မကောင်းပါဘူး။ ဒါပေမယ့် အပြောင်း အလဲဆိုတာ ဖြစ်ချိန်တန်ရင်ဖြစ်လာမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒီပွဲမှာ တိုက်စစ်ဆင်ကစားပြီး သူတို့ကိုပြသနာပေးနိုင် သလောက် ပေးသွားမှာပါ။ သူတို့ဘက်ကလည်း တိုက်စစ်ကစားမှာဆိုတော့ ဒီပွဲကစိတ်လှုပ်ရှားစရာပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ဘောလုံးကိုကိုင်ထားပြီး ရှေ့ကိုတက်ကစားနိုင်ခဲ့မယ်ဆိုရင်၊ ကျွန်တော်တို့ကစားနိုင်စွမ်းရှိ တဲ့ အတိုင်းအတာထိ ကစားနိုင်ခဲ့မယ်ဆိုရင် ရလဒ်မကောင်းစရာမရှိပါဘူး”လို့ စတုတ်စီးတီးနည်းပြမာ့ခ်ဟုခ်ျက ပွဲအကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *