ကိုယ့်ရဲ့ဆံပင်သားကို ခဏခဏ အပြောင်းအလဲ လုပ်တာမျိုးတွေ ရှောင်ကြဉ်စေချင်တယ်လို့ ဆိုတဲ့ SHISEIDO professional မှ hair stylist မဝေ

shiseido3_resize.jpg
Shares 0

မိန်းကလေးတွေအတွက် ဆံနွယ်တွေလှပဖို့ဆိုတာ ထိန်းသိမ်းစောင့်ရှောက်သင့်တာတွေထဲက တစ်ခုပါ။ ကိုယ့်ရဲ့ဆံပင်က အရောင်တွေ ခဏခဏဆိုးလွန်းတာကြောင့် ပျက်စီးနေမယ်၊ ဆံပင်သားတွေက မလှပတော့ပဲ အရောင်တွေမွဲခြောက်နေမယ် ဆိုရင် ကိုယ့်ရဲ့ဆံပင်အတွက် ဘယ်အရာတွေနဲ့ပြုပြင်ထိန်းသိမ်းပေးဖို့ လိုအပ်နေပြီလဲဆိုတာ သိထားရတော့မှာပါ။ ဒါ့ကြောင့် ဆံကေသာနဲ့ပတ်သက်ပြီး သိလိုသမျှလေးတွေကို SHISEIDO professional က hair stylist မဝေ ကို ခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။

ဦးရေသားပေါင်းတင် ပေးရတာနဲ့ ပတ်သက် ပြီးပြောပြပေးပါ။

ဦးရေသားပေါင်းတင်တယ်ဆိုတာ ဆံပင်ကျွတ်တဲ့သူတွေ၊ ဗောက်ရှိတဲ့ သူတွေလုပ်ပေးရင် အဆင်ပြေပါတယ်။ ဦးရေသားကျန်းမာမှ ဆံပင်သားကျန်းမာမှာ ဖြစ်တယ်။ မိန်းကလေးတော်တော် များများက ဦးရေသားTreamentလုပ်ပေးရတယ်ဆိုတာမျိုး မသိကြဘူး။ ဆံပင်ကိုဂရုစိုက်ရမှန်းမသိ ကြဘူးလေ။

ဆံပင်ပါင်းတင်တာနဲ့ပတ်သက်ပြီးလည်း ပြောပြပေးပါအုံး။

ဆံပင်သားပျက်စီးနေတဲ့ သူတွေ၊ ဆံပင်ခြောက်တဲ့သူ၊ အဖျားနှစ်ခွ ဖြစ်တဲ့သူတွေနဲ့ Chemical အမြဲထိတွေ့ နေရတဲ့သူမျိုးတွေ ပေါင်းသင့်ပါတယ်။

ခေါင်းလျှော်တာနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးသုံးသင့်တယ် ဆိုတာပြောပြပေးပါ။

ဆေးဆိုးထားတဲ့ဆံပင်သားတွေအတွက်ရှိမယ်။ အမြဲ Chemical နဲ့ထိတွေ့ နေရတဲ့ သူတွေ ဆိုသီးသန့် သုံးပေးသင့်ပါတယ်။ ဆေးဆိုးသမားအတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည်ဆို သုံးပေးမယ်ဆိုရင် ဆံသားကာလာအရာင် တက်လာတာမျိုးတို့၊ အရောင်သားစိုပြီးကာလာမကျဘူးပေါ့။ ဆံပင် ကာလာထိန်းထားချင်တဲ့ သူတွေဆိုသုံးသင့်ပါတယ်။

ဆံပင်ဆေးဆိုးတဲ့အခါမှာ ဈေးသက်သာတာသုံးတာနဲ့ ဈေးကြီးတာသုံးတဲ့အခါ ဘယ်လိုမျိုးထိရောက်မှုတွေ ရှိနိုင်ပါ သလဲ။

ဘယ်လိုပဲသုံးသုံးအစ်မအနေနဲ့ ပြောပြချင်တာကတော့ ကိုယ့်ဆံပင်သားကျန်းမာရေးကိုဂဂုစိုက် ပေးသင့်တယ်လို့ ပြောချင်တယ်။ တစ်ရက်တည်းမှာပဲ ဆေးဆိုးဆေးကောက် တာပဲဖြစ်ဖြစ်၊ ဆေးဆိုးဆေးဖြောင့်တာပဲဖြစ်ဖြစ် လုပ်ကြတဲ့သူတွေရှိပါတယ်။ အဲဒီလိုလုပ်ပြီးသွားလို့ ဆေးကောင်းထပ်သုံးရင်လည်း ဆံပင်သား ဘယ်လိုမှ အဆင်မပြေတော့ဘူး။ တစ်ရက်တည်းမှာ ဆေးဆိုးမယ်ဆိုဆေးဆိုး၊ ဆေးဆိုးပြီးတစ်ပတ်မှာ ဆံပင်ပေါင်းတင်တာလုပ်။ နောက် တစ်ပတ်ကြာပြီးရင်ကောက် တာဖြစ် ဖြစ်၊ ဖြောင့်တာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

SHISEIDO ကိုရောက် လာကြတဲ့ Customer တွေစိတ်ကျေနပ်မှု ရှိအောင်ဘယ် လိုလုပ်ဆောင် ဖြေရှင်းပေးပါသလဲ။

အစ်မတို့ဆီကိုရောက်လာကြတဲ့ customer တွေက ဆိုင်စုံတော်တော် များများရောက် ပြီးမှပဲ ကိုယ့်ဆီလာလုပ်ကြတာများပါတယ်။ ဆေးဆိုးထားတဲ့ဆံပင်သားကို ကိုင်ကြည့်လိုက် ရုံနဲ့သူတို့ ကိုဘယ်လိုဆေးသုံးပေးလိုက်တယ် ဆိုတာကိုအစ်မတို့ကသိတယ်။ တစ်ချို့customer တွေကျတော့ ကိုယ့်ဆီကိုလာပြီးဆံပင် ကောက်ချင်တယ်လို့ ပြောပေမဲ့ ကိုယ်ကတန်းပြီး ကောက်ပေးလို့ မရတာမျိုးတွေနဲ့ကြုံဘူးပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် သူ့ဆံပင်သားကတအားနာပြီး ခြောက်နေ ပြီလေ။ အဲဒီတော့ သူ့ရဲ့နာနေတဲ့ ဆံပင်ပိုင်းကို တဖြည်းဖြည်းညှပ်သွားမယ်။ ဆံပင်ပြန် ကျန်းမာလာပြီဆိုမှ ကောက်တာတို့၊ ဖြောင့်တာတို့လုပ်ပေးပါတယ်။

ဆံပင်ဆေးဆိုးခြင်းက ဆံပင်မြန်မြန် ဖြူစေတယ်လို့ ပြောဆိုကြတဲ့ အပေါ်မှာ  hair stylist တစ်ယောက်အနေနဲ့  ဘယ်လိုအကြံပေးချင် ပါသလဲ။

တော်တော်များများကအဲဒီလိုထင်နေကြတယ်။ အစ်မအနေနဲ့ ပြောရမယ် ဆိုရင်တော့ ဆံပင် ဆိုးတာကအဖျားပိုင်းပဲဆိုးတာပဲ။ဆံပင်ရဲ့ အရင်းပိုင်းကိုဆိုးတာမှ မဟုတ်တာ။ဒါကတော့ ဆံပင်ဖြူပေါက်တာမြန်တယ်၊ မမြန်ဘူးဆိုတာကတော့ ကိုယ့်ရဲ့မျိုးရိုးနဲ့ပဲဆိုင်လိမ့်မယ် လို့ထင်ပါတယ်။

အခုနောက်ပိုင်းမှာ လူငယ် (ယောကျာင်္း၊ မိန်းမ) တော်တော် များများဆံပင်shave လုပ်လာကြတာ ခေတ်စားနေတာနဲ့ ပတ်သက်ပြီးအစ်မရဲ့ အမြင်ကိုပြောပြပေးပါ။

အခုနောက်ပိုင်းမှာ ခေတ်စားလာတယ်လို့ဆိုပေမဲ့ အရမ်းလုပ်ရဲတဲ့သူမရှိသေးပါဘူး။ shave လုပ်တယ်ဆိုတာကလည်း တရုတ်၊ ယိုးဒယားကလုပ်ကြတာပါ။ သူတို့လုပ်တာ လှလို့ ကိုယ်တွေ လုပ်ရင်လှမလားဆိုပြီး လိုက်လုပ်ကြတာပါ။

ဆံပင်hair tonic လုပ်တဲ့ ပိုင်းနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

ဆံပင်ကိုခေါင်းလျှော်ပြီးလို့hair dryer မသုံးခင်မှာဆံပင် ဦးရေသားကိုဘီးနဲ့ ခွဲကြောင်းလေးတွေ တစ်ကြောင်းတည်းခွဲလိုက် ပြီးခွဲကြောင်းတစ်ကြောင်းဆီအပေါ်မှာလိုက် ထည့်မယ်။ အဲဒီလိုသုံးချင်းအား ဖြင့် ဦးရေသားအား ဖြည့်ပေးပါတယ်။ ဆံပင်ကျွတ်တာရပ်သွားပြီးဆံပင်ကို ပြန်ပေါက်စေတဲ့အတွက် ဆံပင်ထိပ်ပြောင် တာကိုသက်သာစေတယ်။ hair tonic ကိုတော့ ခေါင်းလျှော် ပြီးတိုင်းသုံးနိုင်ပါတယ်။

SHISEIDO  productပစ္စည်းသုံးခြင်းအားဖြင့် အားသာချက်တွေ ရှိရင်ပြောပြပေးပါ။-

အစ်မတို့ productတွေကဂျပန်ဖြစ်တဲ့ အတွက်ဆံပင်ရဲ့ chemical ပါဝင်မှုနှုန်းနည်းပါတယ်။ စိတ်ချ ယုံကြည်စွာနဲ့ အသုံးပြုနိုင် ပါတယ်။ ဆံပင်ကျွတ်ခြင်း၊ခြောက်ခြင်း၊ ဖွခြင်းတို့ လုံးဝမဖြစ်စေ ပါဘူး။

ဆံပင်နဲ့ပတ် သက်ပြီးအကြံပြု ချက်လေးပြောပြပေးပါ။-

ကိုယ့်ရဲ့ဆံပင်ကိုကိုယ်ဂရုစိုက်ကြပါ။ ဆံသားလေးတွေသနားစရာကောင်းပါတယ်။ ဆံပင်ကိုခဏခဏတစ်မျိုးပြီးတစ်မျိုးပြောင်းလဲလုပ်တာမျိုးမလုပ်ကြပါနဲ့ လို့ပြောချင်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *