“ကမ္ဘာကြီးက သူရဲကောင်းတစ်ဦး ဆုံးရှုံးသွားခဲ့ပြီး အာဖရိကက ဖခင်ကြီးကို လက်လွတ်လိုက်ရပြီ” (ဘောလုံးလောကသားများရဲ့ ၀မ်းနည်းစကားများ.) .. . .

b1.jpg
Shares 0

“ သူရဲကောင်းဆိုတာ အများအတွက် ကိုယ့်ဘ၀ကို အနစ်နာခံတတ်တဲ့သူမျိုးပေါ့။ အခုဆိုရင် ကမ္ဘာကြီးအ တွက် သူရဲကောင်းတစ်ဦးဆုံးရှုံးသွားခဲ့ပြီး အာဖရိကတိုက်က ဖခင်ကြီးကို လက်လွတ်ရပြီ။ အေးချမ်းစွာအနားယူပါတော့ မန်ဒဲလား”  (ယာယာတိုရေး-မန်စီးတီး/အိုင်ဗရီကို့စ်)

“ခုထက်ထိ မယုံနိုင်သေးဘူးဗျာ။ မန်ဒဲလား ထွက်ခွာသွားခဲ့ပြီဆိုတာကို” (စတီဗင်ပီနာ-အဲဗာတန်/တောင်အာဖရိက)

“ ကျွန်တော်တို့တွေ သူ့ရဲ့အရိုက်အရာကို  ကြီးမားတဲ့ရည်မှန်းချက်၊ ပြင်းပြတဲ့ဆန္ဒတွေနဲ့ ဆက်ခံကြရအောင်”

(ပီလီ- ဘရာဇီးလက်ရွေးစင်ဟောင်း)

“ ကျေးဇူးတင်ပါတယ် မန်ဒဲလား။ ပေးခဲ့တဲ့ အမွေတွေနဲ့ စံနမူနာချမှတ်ခဲ့တာတွေအတွက်ပေါ့။ ကျွန်တော်တို့နဲ့ အတူ ထာဝရရှိနေဦးမှာပါ” (ခရစ္စတီယာနိုရော်နယ်လ်ဒို-ရီးရဲလ်/ပေါ်တူဂီ)

“တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ လူသားတစ်ဦးပါ။ ကျွန်တော်တို့ သမိုင်းမှာ အကြီးကျယ်အခမ်းနားဆုံးသော မဟာလူသားပါပဲ။ ” (ဆပ်ဘလတ္တာ-ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ)

“နယ်လ်ဆင်မန်ဒဲလားဟာ အံ့သြစရာကောင်းပြီး စိတ်ဓါတ်တက်ကြွအောင်လှုံဆော်ပေးနိုင်ခဲ့သူပါ။ သူ့ရဲ့လုပ် ဆောင်ခဲ့မှုတွေက နောက်ထပ်နှစ် ၄၀၀လောက် ဆက်ရှိနေပါလိမ့်မယ်” (အဒီဘေယော-တော့တင်ဟမ်/တိုဂို)

“ သူ့လို လူမျိုးနဲ့ တွေ့ဆုံခွင့်ရခဲ့တာဟာ တကယ့်ကိုကြီးကျယ်ခမ်းနားလွန်းခဲ့ပါတယ်ဗျာ။  ကောင်းကင်ဘုံမှာ အေးချမ်းစွာ အနားယူပါတော့” (အဆာမိုဂျန်- အဲလ်အိန်း၊ ဂါနာ)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *