မင်းသား၊ မင်းသမီးကို ဦးစားပေးကြတော့ မင်းသား မင်းသမီးခေတ်ပေါ့လို့ ဆိုလိုက်တဲ့ ဒါရိုက်တာသားကြီး

1236036_642849302414647_906907377_n.jpg
Shares 0

ဆယ်ပြား၊ အလျော်အစားပြင်းတယ် ဇာတ်ကားတို့နဲ့ ပရိသတ်အားပေးလက်ခံမှုရရှိခဲ့တဲ့ ဒါရိုက်တာသားကြီးကို ရုပ်ရှင်လောကရဲ့အမြင်သဘောထားလေးတွေ မေးမြန်း ဖြစ်တဲ့အခါ ‘ဒါရိုက်တာပညာနဲ့ ပတ်သက်ပြီးလေ့လာမှုတွေကတော့ ၀တ္ထုဖတ်တယ်။ စာအုပ်တွေ လေ့လာတယ်။ ဇာတ်ကားတွေကြည့်ပြီး လေ့လာပါတယ်။ ကိုယ်လည်း ခေတ်နဲ့ အညီဘယ်လိုပုံစံမျိုးတွေ ပြန်လုပ်ရင် ရနိုင်မလဲဆိုတာမျိုးတွေ စဉ်းစားဖြစ်တယ်။  ကိုယ့်ထက်တတ်ကျွမ်းတဲ့ Senior ၊ ဒါရိုက်တာပညာရှင် ပုဂ္ဂိုလ်တွေအကုန်လုံးကို လေးစားပါတယ်။ အဲဒီလိုလေးစားလို့လည်း သူတို့ရဲ့အမြင်နဲ့ ကိုယ့်ရဲ့အမြင် ချင်း ဖလှယ်ဖြစ်ကြပါတယ်။ သူတို့တွေ ဘယ်လိုလုပ်သလဲဆိုတဲ့အပေါ်မှာ သူတို့ဒီလိုလုပ်ရင် ကိုယ်က ဘယ်လိုလုပ်မလဲဆိုတာမျိုး စဉ်းစားတွေးတောရတာမျိုးတွေရှိခဲ့ပါတယ်’လို့ သူက ဒါရိုက်တာပညာနဲ့ ပတ်သက်ပြီး ဖွင့်ဟပါတယ်။

နိုင်ငံတကာမှာဆိုရင် ပရိုဂျူဆာ၊ ဒါရိုက်တာက အဓိကကျပေမယ့် မြန်မာနိုင်ငံကတော့ ပရိုဂျူဆာ၊ ဒါရိုက်တာတွေထက် မင်းသား၊ မင်းသမီးကို အဓိကထားကြတာနဲ့ ပတ်သက်လို့ ဒါရိုက်တာ တစ်ယောက်ရဲ့အမြင်ကို မေးမြန်းလိုက်တဲ့အခါ ‘ဒီမှာက မင်းသား၊ မင်းသမီးက ဈေးကွက်ဝင်နေတာဖြစ်တဲ့ အတွက်ကြောင့် သူတို့ကိုဦးစားပေးလိုက်တဲ့သဘောပါပဲ။ ဖြန့်ချိလိုက် ပြီဆိုရင် မင်းသား၊ မင်းသမီးကို အရင်မေးကြပြီး ဒါရိုက်တာကို နောက်မှမေးကြတာများတာကိုး။ အဲဒီတော့ မင်းသား၊ မင်းသမီးကိုပဲ ဦးစားပေးတော့ မင်းသား၊ မင်းသမီးခေတ်ပေါ့။ ကိုယ့်ဇာတ်ကားအပေါ်မှာ လာထိခိုက်မယ် ဆိုရင်တော့ ကိုယ့်ဘက်ကပြန် ပြီးဖြေရှင်းချက်ပေးမိမှာပါ။ ကိုယ်လည်းကိုယ့်စည်းနဲ့ ကိုယ့်ဘောင်နဲ့ပြန်ပြောရတာပေါ့။’ လို့သူက ပြောပြသွားခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *